မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

11_pic01 11_pic02

 (၁၁-၉-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၂) အိမ်ထောင်စာ၊ Family kit (၂)  ထုပ်၊ ပလပ်စတစ်ရေပုံး (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ်နှင့် ကြိုတင်ဖျက်သိမ်းမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၁၂) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၂၅၂၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၃၅၅၂၀၀) ကျပ်တိတိအား (၁၁-၉-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events