သပိတ်ကျင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

11_pic01 11_pic02 11_pic03

(၁၀-၉-၂၀၁၇) ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်ရှိ ရေထွက်ကျေးရွာ၊ ကျောက်ဖြူကျေးရွာ၊ ကမ်းပါးနီကျေးရွာနှင့် လိပ်ကျကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပြိုကျပျက်စီးအိမ်ခြေ (၅၀) အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ တစိတ်တပိုင်းပျက်စီးအိမ်ခြေ (၈၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ရေဘေးသင့်အိမ်ခြေ (၁၃၂) အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၁၀၀၀၀၀) ကျပ်၊ ရေဘေးသင့်လူဦးရေ (၅၄၉) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၁၅၂၉၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂၅၂၉၀၀) ကျပ်နှင့် ရေသန့်ဆေးထုပ် (၅၇၆၀) ထုပ်တို့ကို ရေဘေးသင့်ပြည်သူများထံသို့ (၁၀-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံခဲ့ပါသည်။ အလားတူ သဘာဝဘေးတုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့(မန္တလေး)မှ ဆန်နှင့်ရေသန့်ဘူးများ ပါဝင်လျက် နေ့ချင်းအပြီး သွားရောက်ထောက်ပံ့ခဲ့ပါသည်။ ဆက်လက်၍ မန္တလေးတိုင်းကြက်ခြေနီအသင်းမှ (၁၁-၉-၂၀၁၇) ရက်နေ့တွင် လိုအပ်ချက်များအား ဆက်လက်ဖြည့်ဆည်းထောက်ပံ့မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events