Category Archives: News
-
မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ဆည်သည်ကျေးရွာများ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၇) ရက်နေ့တွင် မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်းစပ်ရှိ ရေအမြဲဝင်ရောက််ပြီး ကမ်းပါးပြိုလျက်ရှိသည့် ဥဒိန်ကျေးရွာရှိ ဓမ္မာရုံ၌ ကျောင်းသား၊ ကျောင်းသူနှင့် ကျေးရွာသူ၊ ကျေးရွာသား အင်အား (၂၅၀) ခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများဝေငှပေးခြင်းနှင့် ဥဒိန်ရွာအုပ်ချုပ်ရေးမှူးထံ Hand speaker ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး တာဝန်ရှိသူများသည် စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းစပ်ရှိ ရေအမြဲဝင်ရောက််ပြီး ကမ်းပါးပြိုလျက်ရှိသည့် ဆည်သည်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျေးရွာသူ၊ ကျေးရွာသား အင်အား (၂၀၀) ဦးခန့်ကိုလည်းကောင်း … Read more
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကို ရှမ်း ပြည်နယ်တောင်ပိုင်း ပိုင်းဟိုပုံးမြို့နယ် ထွေအုပ်ရုံးခန်းမတွင် (၂၆-၉-၂၀၁၇) ရက်နေ့မှ (၂၇-၉-၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် ကယ်ဆယ်ရေးမှ တာဝန်ရှိသူများနှင့် မြို့နယ် အုပ်ချုပ် ရေးမှူးတို့မှ ရှင်းလင်းဟောပြောခဲ့ပြီး အပြန်အလှန် သုံးသပ်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား (၅၂) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ခွေးတောက်ချောင်း ကျေးရွာ အုပ်စု၊ နံကပ်၊ နံကပ်ပြင်စု၊ လန်တာ၊ ခွေးတောက်ချောင်း၊ ညောင်ကုန်းကျေးရွာများတွင် (၁၃-၉-၂၀၁၇) ရက်နေ့မှ (၂၄-၉-၂၀၁၇) ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၃၄) လုံး၊ အိမ်ထောင်စု (၃၄) စု၊ လူဦးရေ (၁၂၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၃၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
နေပြည်တော် ၊ စက်တင်ဘာ ၂၇ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို (၂၇-၉-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခဲ့ရာ တွေ့ရှိရသည့် အခြေအနေများအပေါ်မူတည်၍ ရေတိုရေရှည် အကောင်အထည်ဖော်ရမည့်ကိစ္စများ၊ ချက်ချင်းဆောင်ရွက်ပေးရမည့်ကိစ္စများကို သတ်မှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဖော်ထုတ်ပြီး ဦးစားပေးလုပ်ငန်းများရွေးချယ်ကာ ထိုဦးစားပေးလုပ်ငန်းများထဲမှ ချက်ချင်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို စတင်အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းများသည် … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်၊မီးလောင်ကျွန်းကျေး ရွာအုပ်စု၊ပေါက်တောကျွန်းကျေးရွာတွင်(၂၃/၂၄-၉- ၂၀၁၇)ရက်နေ့၌ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊လူဦးရေ(၃၆)ဦးအတွက်ဆန်ရိက္ခာ (၇)ရက်စာ(၇၅၆၀၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀ိ/-)၊စုစုပေါင်း(၈၇၅၆၀၀ိ/-)နှင့် ရေစြကို မြို့နယ်၊ညောင်ဇောက်ကျေးရွာအုပ်စု၊ကျောမကြား ကျေးရွာတွင်(၂၃-၉-၂၀၁၇)ရက်နေ့၌ချင်းတွင်းမြစ် ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ် ခြေ(၃)လုံး၊အိမ်ထောင်စု(၃)စု၊လူဦးရေ(၂၂)ဦးတို့ အတွက်ဆန်ရိက္ခာ(၇)ရက်စာ(၄၆၂၀၀ိ/-)၊အိမ် ဆောက်ပစ္စည်းဖိုးငွေ(၃၀၀၀၀၀ိ/-)၊ စုုစုပေါင်း (၃၄၆၂၀၀ိ/-)တို့ကို ဘေးသင့်ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးထံသို့ (၂၇-၉-၂၀၁၇)ရက်နေ့တွင်လွဲပြောင်းထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမတာဝန်ရှိသူများသည် (၂၆-၉-၂၀၁၇)ရက်နေ့တွင် မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ တလုပ်လပ်(အလယ်) ကျေးရွာ၌ ပြည်သူလူထု (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၂၇ – ၉ – ၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာ၊ ကျေးရွာပြည်သူ့ခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူ များမှ ဦးစီးဌာန၏ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ သိကောင်းစရာများတို့ကို ဟောပြောဆွေးနွေးခဲ့ရာ လူဦးရေ စုစုပေါင်း (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူမျာအား သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲမြို့နယ်၊ အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ (၂၇-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) အချိန်ထိ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ဌာန၏ရည်ရွယ်ချက်နှင့် ထောက်ပ့ံမှုလုပ်ငန်းများအကြောင့်၊ DAN Mobile application အကြောင်းနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေဘေးစသည့် ဘေးအန္တရာယ်များအကြောင်းနှင့် သဘာဝဘေး (၆) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၅၀) ဦးရှိကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အင်ဒိုနီးရှားနိုင်ငံမှလှူဒါန်းသော စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်
စစ်တွေ စက်တင်ဘာ၂၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ ရသေ့တောင်မြို့နယ်တွင်းရှိ ကျေးရွာများသို့သွားရောက်ပြီး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသော စားနပ်ရိက္ခာများကိုကူညီထောက်ပံ့ပေးသည်။ ယနေ့ကူညီထောက်ပံ့ပေးခဲ့သော ကျေးရွာများမှာ စေတီပြင်ကျေးရွာ၊ သာယာကုန်းကျေးရွာနှင့် အနောက်ပြင်ကျေးရွာတို့ဖြစ်သည်။ အဆိုပါကျေးရွာများအား အင်ဒိုနီးရှားနိုင်ငံမှ ကူညီထောက်ပံ့ပေသော ငါးသတ္တာ၊ ဘီစကစ်နှင့် အခြားစားနပ်ရိက္ခာများ၊ အိမ်ထောင်စု အလိုက် အသုံးစရိတ်ငွေများကိုလည်း ကူညီထောက်ပံ့ပေးခဲ့ပြီး အားပေးနှစ်သိမ့်စကားများပြောကြားခဲ့သည်။ အဆိုပါခရီးစဉ်တွင် အနောက်ပြင်ကျေးရွာ ပြည်သူများနှင့် … Read more









