ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အင်ဒိုနီးရှားနိုင်ငံမှလှူဒါန်းသော စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်

27 Pic 02 27 Pic 03စစ်တွေ စက်တင်ဘာ၂၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ ရသေ့တောင်မြို့နယ်တွင်းရှိ ကျေးရွာများသို့သွားရောက်ပြီး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသော စားနပ်ရိက္ခာများကိုကူညီထောက်ပံ့ပေးသည်။ ယနေ့ကူညီထောက်ပံ့ပေးခဲ့သော ကျေးရွာများမှာ စေတီပြင်ကျေးရွာ၊ သာယာကုန်းကျေးရွာနှင့် အနောက်ပြင်ကျေးရွာတို့ဖြစ်သည်။ အဆိုပါကျေးရွာများအား အင်ဒိုနီးရှားနိုင်ငံမှ  ကူညီထောက်ပံ့ပေသော ငါးသတ္တာ၊ ဘီစကစ်နှင့် အခြားစားနပ်ရိက္ခာများ၊ အိမ်ထောင်စု အလိုက် အသုံးစရိတ်ငွေများကိုလည်း ကူညီထောက်ပံ့ပေးခဲ့ပြီး အားပေးနှစ်သိမ့်စကားများပြောကြားခဲ့သည်။ အဆိုပါခရီးစဉ်တွင် အနောက်ပြင်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးက မိမိတို့ အနေ ဖြင့် အကြမ်းဖက်မှုကိုလုံးဝမလိုလားကြောင်း၊ အားလုံးကလည်းအကြမ်းဖက်မှုလိုလား မည်မဟုတ်ကြောင်း၊ အကြမ်းဖက်မှုသည်ကောင်းကျိုးထက် ဆိုးကျိုးကိုသာခံစားရမည် ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဒေသနေပြည်သူတွေအားလုံးတွင် တာဝန်ရှိကြောင်း၊ထို့ကြောင့် ဒေသတည်ငြိမ်အောင်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်တွင် မပါသော၊ ရိုးသား စွာနေထိုင်သော ကျေးရွာပြည်သူများကို နိုင်ငံတော်အနေဖြင့် စောင့်ရှောက်ရမည့်ဝတ္တရားရှိကြောင်း၊ ထို့ကြောင့် လိုအပ်သောရိက္ခာများကို လိုက်လံဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယခုကူညီထောက်ပံ့မှုမှာ လတ်တလော အင်ဒို နီးရှားနိုင်ငံက ခွဲခြားမှုမရှိဘဲအေးချမ်းစွာနေထိုင်သော ပြည်သူများအားလုံးအတွက် ထောက်ပံ့ ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ အနောက်ပြင်ကျေးရွာမှ ပြည်သူများကလည်း မိမိတို့ကျေးရွာ အနေဖြင့်အကြမ်းဖက်မှုတွင် ပါဝင်သူမရှိကြောင်း၊ အကြမ်းဖက်မှုကိုလည်းမလိုလားပါကြောင်း၊ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ပြောကြား ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ရသေ့တောင် မြို့နယ် ဒေသခံတိုင်းရင်းသားအများစုနေထိုင်သော စေတီပြင်ကျေးရွာသို့ရောက်ရှိပြီး စေတီပြင်နှင့် သာယာကုန်း ကျေးရွာအတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံပြီး နှစ်သိမ့်အားပေးစကားပြောကြားကာ အဆိုပါကျေးရွာရှိ ကလေးငယ် များအား မုန့်နှင့် ကလေးကစားစရာအရုပ်များပေးဝေခဲ့သည်။ ထို့အပြင် အဆိုပါ ကျေးရွာများရှိ အိမ်ထောင်စု ၇၀၇ စုအတွက်ငွေကျပ်သိန်းပေါင်း ၁၄၁ သိန်းတစ်သောင်းကို မိသားစု အသုံး စရိတ်အဖြစ် ကူညီထောက်ပံ့ပေးခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများ ယနေ့သွားရောက်ကူညီထောက်ပံ့သော အနောက်ပြင်ကျေးရွာမှာအိမ်ထောင်စု ၆၁၅ စု၌ လူဦးရေ ၂၇၇၀ ရှိပြီးဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များနေထိုင်ရာ စေတီပြင်ကျေးရွာနှင့် သာယာကုန်း ကျေးရွာတို့တွင် အိမ်ထောင်စု ၇၀၇ စု၌ လူဦးရေ ၃၇၂၁ ဦးရှိကြောင်းသိရသည်။

Sign Up

Upcoming Events