ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ (၂၇-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) အချိန်ထိ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ဌာန၏ရည်ရွယ်ချက်နှင့် ထောက်ပ့ံမှုလုပ်ငန်းများအကြောင့်၊ DAN Mobile application အကြောင်းနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေဘေးစသည့် ဘေးအန္တရာယ်များအကြောင်းနှင့် သဘာဝဘေး (၆) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၅၀) ဦးရှိကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)