ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ခွေးတောက်ချောင်း ကျေးရွာ အုပ်စု၊ နံကပ်၊ နံကပ်ပြင်စု၊ လန်တာ၊ ခွေးတောက်ချောင်း၊ ညောင်ကုန်းကျေးရွာများတွင် (၁၃-၉-၂၀၁၇) ရက်နေ့မှ (၂၄-၉-၂၀၁၇) ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၃၄) လုံး၊ အိမ်ထောင်စု (၃၄) စု၊ လူဦးရေ (၁၂၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၃၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၆၆,၇၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၃,၆၆၆,၇၀၀) ကျပ်တို့အား (၂၇-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)