ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်၊မီးလောင်ကျွန်းကျေး ရွာအုပ်စု၊ပေါက်တောကျွန်းကျေးရွာတွင်(၂၃/၂၄-၉- ၂၀၁၇)ရက်နေ့၌ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊လူဦးရေ(၃၆)ဦးအတွက်ဆန်ရိက္ခာ (၇)ရက်စာ(၇၅၆၀၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀ိ/-)၊စုစုပေါင်း(၈၇၅၆၀၀ိ/-)နှင့် ရေစြကို မြို့နယ်၊ညောင်ဇောက်ကျေးရွာအုပ်စု၊ကျောမကြား ကျေးရွာတွင်(၂၃-၉-၂၀၁၇)ရက်နေ့၌ချင်းတွင်းမြစ် ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ် ခြေ(၃)လုံး၊အိမ်ထောင်စု(၃)စု၊လူဦးရေ(၂၂)ဦးတို့ အတွက်ဆန်ရိက္ခာ(၇)ရက်စာ(၄၆၂၀၀ိ/-)၊အိမ် ဆောက်ပစ္စည်းဖိုးငွေ(၃၀၀၀၀၀ိ/-)၊ စုုစုပေါင်း (၃၄၆၂၀၀ိ/-)တို့ကို ဘေးသင့်ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးထံသို့ (၂၇-၉-၂၀၁၇)ရက်နေ့တွင်လွဲပြောင်းထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events