မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ဆည်သည်ကျေးရွာများ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

28_pic01 28_pic02 28_pic03 28_pic04

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၇) ရက်နေ့တွင် မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်းစပ်ရှိ ရေအမြဲဝင်ရောက််ပြီး ကမ်းပါးပြိုလျက်ရှိသည့် ဥဒိန်ကျေးရွာရှိ ဓမ္မာရုံ၌ ကျောင်းသား၊ ကျောင်းသူနှင့် ကျေးရွာသူ၊ ကျေးရွာသား အင်အား (၂၅၀) ခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများဝေငှပေးခြင်းနှင့် ဥဒိန်ရွာအုပ်ချုပ်ရေးမှူးထံ Hand speaker ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး တာဝန်ရှိသူများသည် စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းစပ်ရှိ ရေအမြဲဝင်ရောက််ပြီး ကမ်းပါးပြိုလျက်ရှိသည့် ဆည်သည်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျေးရွာသူ၊ ကျေးရွာသား အင်အား (၂၀၀) ဦးခန့်ကိုလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများဝေငှပေးခြင်းနှင့် ဆည်သည်ရွာအုပ်ချုပ်ရေးမှူးထံ Hand speaker ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဆည်သည်ကျေးရွာအတွင်း ကမ်းပြိုလျက်ရှိသည့်နေရာအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events