သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောမှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၂၇ – ၉ – ၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာ၊ ကျေးရွာပြည်သူ့ခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူ များမှ ဦးစီးဌာန၏ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ သိကောင်းစရာများတို့ကို ဟောပြောဆွေးနွေးခဲ့ရာ လူဦးရေ စုစုပေါင်း (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူမျာအား သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events