Category Archives: News
-
ကျားမ တန်းတူညီမျှရရှိရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကား တိုးမြှင့်စေရေးနှင့်သက်ဆိုင်သည့် အဆင့်မြင့်အရာရှိကြီးများညီလာခံ ကျင်းပ
၂၆.၁၀.၂၀၁၇၊ နေပြည်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(၅)ဖြစ်သော ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ် များအားလုံး စွမ်းပကားတိုးမြှင့်ရေးနှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံ High Level Conference on Gender Equality (SDG-5)ကို နေပြည်တော် MICC-2 ၌ (၂၆-၁၀-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပါသည်။ အဆိုပါညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျွန်းကျေးရွာနှင့် မီးလောင်ကျွန်းကျေးရွာတို့၌ (၂၂-၁၀-၂၀၁၇) ရက်နေ့ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့်၊ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့် အိမ်ခြေ(၇)လုံး၊ လူဦးရေ(၄၃)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၉၀၃၀၀/-)၊ အိမ်ထောင်စု (၇)စုစာ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀၀/-)၊ စုစုပေါင်း(၇၉၀၃၀၀/-)နှင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ(၂၂-၁၀-၂၀၁၇)ရက်နေ့ ချင်းတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ(၃)လုံး၊ လူဦးရေ(၁၄)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ(၂၉၄၀၀/-)၊ အိမ်ထောင်စု(၃)စုစာ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၆-၁၀-၂၀၁၇)ရက်နေ့တွင် နမ့်ဆန်မြို့နယ်၊ မင်္ဂလာရပ်ကွက်မြို့မဂိုဏ်းချုပ်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ရာ လူဦးရေ စုစုပေါင်း (၁၈၀)ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ငလျင်ဘေး၊မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေး၊ မီးဘေး အစရှိသည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ဘေးမ ဖြစ်ပွားမီ ဖြစ်ပွားနေစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် DAN MOBILE APPLICATION နှင့်ပတ်သက်သည့်အကြောင်းအရာများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘေး(၆)မျိုးပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၆-၁၀-၂၀၁၇)ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၀)ဦး ခန့်တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရံုး(ကဆရ)
-
ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖျာပုံမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်စာအုပ် ထွက်ရှိရေး နောက်ဆုံးအဆင့် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၅-၁၀-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ ~ ၁၂း၃၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ “ဖျာပုံမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ်ထွက်ရှိရေးနောက်ဆုံးအဆင့်အစည်းအဝေး” ကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ကော်မတီအဖွဲ့ဝင်များနှှင့် Actionaid Myanmar၊ UN-Habitat မှ တာဝန်ရှိသူများ စုစုပေါင်း (၄၀) ဦးတက်ရောက်ခဲ့ကြပြီး ဖျာပုံခရိုင်ဦးစီးမှူး (ကဆရ) နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့မှ အမှာစကားပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာအုပ်စု၊ အမက ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
(၂၅-၁၀-၂၀၁၇) ရက်နေ့၊ (၁၃:၀၀ ~ ၁၅:၀၀) နာရီအချိန်တွင် နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာအုပ်စု၊ အမက ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေးနှင့် မီးဘေး အစရှိသည့် ဘေးအန္တရာယ်များ၏ ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန် ရှောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး DAN MOBILE APP အကြောင်းရှင်းလင်းဖြန့်ဝေခဲ့ကာ တက်ရောက်သူများထံ ဘေး(၆)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ အလယ်တန်း နှင့်အထက်တန်း ကျောင်းသား၊ ကျောင်းသူ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကြို့ချောင်းကျေးရွာအုပ်စု၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ပြုလုပ်မှုသတင်း
(၂၅-၁၀-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကြို့ချောင်းကျေးရွာအုပ်စု၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား(၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါတက်ရောက်လာသူများအား တာဝန်ရှိသူများက မီးဘေးနှင့် ငလျင်ဘေး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပြီး ခေါက်ဆွဲခြောက်ထုပ်များလည်း ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
UEHRD၏ အကောင်အထည်ဖော် ဆေ ာင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ကျေးရွာများနှင့် အိုးအိမ်များစနစ်တကျ ပြန်လည်ဖွဲ့စည်းတည်ဆောက်ပေးနိုင်ရေးအတွက် UN-HABITAT အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေး
၂၅.၁၀.၂၀၁၇၊ နေပြည်တော် UEHRD ၏ အဓိကရည်ရွယ်ချက်များဖြစ်သော လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်လက်ခံရေး၊ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အချိန်ကာလအလိုက် ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ UEHRD ဒုတိယဥက္ကဌ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ၀န်ကြီးဌာန အစည်းအဝေးခန်း၌ ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် UN-HABITAT မှ Senior … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန် (UEHRD) စီမံကိန်းနှင့် ဆက်စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
၂၅.၁၀.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြား ရာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဖြစ်စဉ်တစ်ခုတည်းကိုသာ ကြည့်သည့်အတွက် နိုင်ငံတကာအသိုက် အဝန်း၏ အထင်လွဲမှား မှုများ ရှိခဲ့ရကြောင်း၊ ဖြစ်စဉ်၏အခြေခံအကြောင်းရင်းကိုသိမှသာလျှင် အမှန်ကိုသိနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်တတ်နိုင်သမျှ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ရာတွင် ပြည်သူအတွက်အကျိုးရှိထိရောက်ပြီး ဖြေရှင်းဆောင်ရွက်ရမည့် အချက်များကိုနည်းလမ်းတကျ … Read more
-
UEHRD ၏ စီမံကိ်န်းများနှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက် အကောင်အထည်ဖေါ်မှုများတွင် ပူးပေါင်းပါ၀င်ရေး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံသံအမတ်ကြီးတို့က လာရောက်တွေ့ဆုံ ဆွေးနွေး
၂၅.၁၀.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနုုိင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးH.E. Mr. Scot Marciel၊ ဒိန်းမတ်နိုင်ငံသံအမတ်ကြီးH.E. Mr. Peter Lysholt Hansenနှင့် ဗြိတိန် နိုင်ငံသံအမတ်ကြီး H.E. Mr. Andrew Patrick တို့က (၂၄-၁၀-၂၀၁၇) မွန်းလွဲပိုင်းတွင် အဆိုပါ ၀န်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ လာရောက်တွေ့ဆုံရာတွင် ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ထား သည့် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့်တိုးတက်မှုများကို အသိအမှတ် ပြုပါကြောင်း၊ပြည်သူများ၏အင်အားကို ဖိတ်ခေါ်တည်ထောင်ထားသည့် UEHRD၏ … Read more









