လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၆-၁၀-၂၀၁၇)ရက်နေ့တွင် နမ့်ဆန်မြို့နယ်၊ မင်္ဂလာရပ်ကွက်မြို့မဂိုဏ်းချုပ်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ရာ လူဦးရေ စုစုပေါင်း (၁၈၀)ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ငလျင်ဘေး၊မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေး၊ မီးဘေး အစရှိသည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ဘေးမ ဖြစ်ပွားမီ ဖြစ်ပွားနေစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် DAN MOBILE APPLICATION နှင့်ပတ်သက်သည့်အကြောင်းအရာများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘေး(၆)မျိုးပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုုံး(ကဆရ)