လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျွန်းကျေးရွာနှင့် မီးလောင်ကျွန်းကျေးရွာတို့၌ (၂၂-၁၀-၂၀၁၇) ရက်နေ့ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့်၊ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့် အိမ်ခြေ(၇)လုံး၊ လူဦးရေ(၄၃)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၉၀၃၀၀/-)၊ အိမ်ထောင်စု (၇)စုစာ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀၀/-)၊ စုစုပေါင်း(၇၉၀၃၀၀/-)နှင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ(၂၂-၁၀-၂၀၁၇)ရက်နေ့ ချင်းတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ(၃)လုံး၊ လူဦးရေ(၁၄)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ(၂၉၄၀၀/-)၊ အိမ်ထောင်စု(၃)စုစာ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀/-)၊ စုစုပေါင်း(၃၂၉၄၀၀/-)တို့အား (၂၆-၁၀-၂၀၁၇) ရက်နေ့တွင် ကျေးရွာချုပ်ရေးမှူးများထံမှတစ်ဆင့် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုုံး(ကဆရ)