Category Archives: News
-
UEHRD ၏လုပ်ငန်းစဉ်များတွင်ပူးပေါင်းပါ၀င်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Asian Development Bankမှလာတွေ့ဆုံ
၂၇.၁၀.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Asian Development Bank (ADB) မှ Director General of Southeast Asia Department ဖြစ်သူ Mr.Ramesh Subramaniam က (၂၇-၁၀-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ၀န်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ADB ၏မူဝါဒ၊ စီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြပြီး၊ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးစီမံကိန်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ဆောင်ရွက်နေသော မြို့ပြသယ်ယူပို့ဆောင်ရေး၊ … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့၊ တယ်ပင်ဆိပ်အုပ်စု၊ ဖိုးဦးစံကျေးရွာတွင် Freda နှင့် ပူးပေါင်း၍ Freda မှတည်ဆောက်ထားသည့် school cum shelter ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းအား (၂၇-၁၀-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ ကျေးရွာ(၅)ရွာမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းမှာ (၂၇-၁၀-၂၀၁၇)ရက်နေ့မှ (၂၉-၁၀-၂၀၁၇)ရက်နေ့ထိ (၃) ရက်တာကြာမြင့်မည်ဖြစ်ပြီး ၎င်းတို့အား စာတွေလက်တွေ့ပို့ချသင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း
နေပြည်တော် အောက်တိုဘာ ၂၆ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို (၂၆-၁၀-၂၀၁၇) ရက်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် တက်ရောက်၍ အလှူငွေများ ပေးအပ်သည်။ ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ အလှူဒါနခေါင်းစဉ်မှ လှူဒါန်းငွေ … Read more
-
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် အလှူငွေများ ပေးအပ်လှူဒါန်း
နေပြည်တော် အောက်တိုဘာ ၂၆ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပ့ံပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို (၂၆-၁၀-၂၀၁၇) ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်၍ အလှူငွေများ ပေးအပ်သည်။ ရှေးဦးစွာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ အလှူဒါနခေါင်းစဉ်မှ လှူဒါန်း ငွေကျပ် ၃၀၂၀၀၀၀ နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၂၄) ဦး၏ နေ့တွက်စရိတ် … Read more
-
သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းစုကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းစုကျေးရွာ၌ (၂၅-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၆) ဦးအတွက် Unicef Family Kits (၂၆)မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၂၆၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၂၆၀၀) ကျပ်အား (၂၇-၁၀-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ပခုက္ကူမြို့နယ်၊ အထက(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၀၇း၃၀~၀၉းဝဝ) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ အထက(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက နဝမတန်းမှ ကျောင်းသား/သူ (၃၀၅) ဦးအား မီးဘေး၊ ရေဘေး၊ ငလျင်၊မုန်တိုင်း၊ မြေပြိုခြင်း၊ ဆူနာမီနှင့် မိုးကြိုးဘေးများ၏ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောပွဲခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများကို ကျောင်းအုပ်ဆရာမကြီးသို့ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
နမ့်ဆန်မြို့နယ် မန်လွယ်ကျေးရွာအုပ်စု မန်လွယ်(ထ)ကျေးရွာနှင့် လုံတောက်ကျေးရွာအုပ်စု၊ လုံတောက်ကျေးရွာများနေ မိုင်းနင်းမိ၍ သေဆုံးသွားသူ (၂) ဦးနှင့် ဟူးမန်းကျေးရွာအုပ်စု ဟူးမန်းကျေးရွာ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပ့ံငွေ နှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့မှုသတင်း
(၂၀-၁၀-၂၀၁၇) ရက်နေ့၊ နမ့်ဆန်မြို့နယ်၊ မန်လွယ်ကျေးရွာအုပ်စု၊ မန်လွယ်(ထ)ကျေးရွာနေ ဒေါ်အေးနန်းနှင့် လုံတောက်ကျေးရွာအုပ်စု၊ လုံတောက်ကျေးရွာနေ ဦးလှဆိုင်တို့သည် ၄င်း၏ လက်ဖက်ခြံသို့ သွားရောက်စဉ် မိုင်းနင်းမိပြီး သေဆုံးသွားပါသဖြင့် သေဆုံးသွားသူ (၂) ဦးအတွက် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တစ်ဦးလျှင် ကျပ် (၃၀၀၀၀၀) စီဖြင့် စုစုပေါင်း (၂) ဦးအတွက် (၆၀၀၀၀၀) ကျပ်တိတိကို လည်းကောင်း၊ (၂၂-၁၀-၂၀၁၇) ရက်နေ့တွင် ဟူးမန်းကျေးရွာအုပ်စု ဟူးမန်းကျေးရွာနေ ဦးအိုက်ခမ်းနေအိမ်၌ ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဘေးသင့်ခဲ့သည့်အိမ်ခြေ (၁) … Read more
-
မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော တိုင်းရင်း သားကျေးရွာများအတွက် ပြန်လည်နေရာချထားပေးခြင်း ပန္နက်တင်အခမ်းအနား ကျင်းပပြုလုပ် မှုသတင်း
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော တိုင်းရင်းသားကျေးရွာများအတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ရခိုင်ပြည်နယ်လျှပ်စစ်စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေတို့သည် သစ်တုံးနား၊ ခွဆုံကျေးရွာအုပ်စု၊ ခရုချောင်း၊ မျောက်ခေါင်းတောင်၊ပန်းချောင်း အင်းချောင်းတို့ရှိ မြိုတိုင်းရင်းသားကျေးရွာများစုစည်းပြီး အိမ်ယာ (၈၆) လုံး ပြန်လည်နေရာချထားရေး ပန္နက်တင် အခမ်းအနားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ၂၆-၁၀-၂၀၁၇ မောင်တော
-
UEHRD၏လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bank ၊ UNRC နှင့်ဥရောပကော်မရှင်တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
(၂၆-၁၀-၂၀၁၇) ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bankမှ Director for Myanmar,Cambodia and Lao PDR ဖြစ်သူMs. Ellen Goldsteinကလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး ၊Ms.RenataDessallien ကလည်းကောင်း၊ ဥရောပကော်မရှင်မှ သံအမတ်ကြီး H.E. Mr. Kristian Schmidt ကလည်းကောင်း ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။ World Bankအဖွဲ့နှင့်တွေ့ဆုံရာတွင် Ms. Ellen Goldstein က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဥက္ကဌအဖြစ်ဦးဆောင်၍ပြည်သူတစ်ရပ်လုံးပါဝင်မည့် ပြည်ထောင်စုစီမံကိန်းUEHRD၏ အကောင်အထည်ဖေါ်ဆောင်ရွက်မည့်လုပ်ငန်းများ၊ … Read more
-
နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာအုပ်စု၊ ဇယန်းကြီးကျေးရွာဘုန်းကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၂၆-၁၀-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ ~ ၁၅းဝဝ) နာရီအချိန်တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာအုပ်စု၊ ဇယန်းကြီးကျေးရွာဘုန်းကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေးနှင့် မီးဘေး အစရှိသည့် ဘေးအန္တရာယ်များ၏ ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန် ရှောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး DAN MOBILE APP အကြောင်းရှင်းလင်းဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူ (၂၀၀) ဦးတို့ထံ ဘေး(၆)မျိုးပါ လက်ကမ်းစာစောင်များ … Read more









