နေပြည်တော် အောက်တိုဘာ ၂၆
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပ့ံပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို (၂၆-၁၀-၂၀၁၇) ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်၍ အလှူငွေများ ပေးအပ်သည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ အလှူဒါနခေါင်းစဉ်မှ လှူဒါန်း ငွေကျပ် ၃၀၂၀၀၀၀ နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၂၄) ဦး၏ နေ့တွက်စရိတ် (၁) ရက်စာ စုစုပေါင်း လှူဒါန်းငွေကျပ် (၄၄၈၀၀၀၀) စုစုပေါင်းငွေကျပ် ရ၅ သိန်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးထံသို့ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။