Category Archives: News
-
ရခိုင်ပြည်နယ်တွင် ပြန်လည်လက်ခံရေးကိစ္စများနှင့် လူငယ်ဆိုင်ရာ သုတေသနတစ်ရပ် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံသံရုံးမှ Minister Counsellor နှင့် British Council တို့မှ သီးခြားစီ လာရောက် တွေ့ဆုံမှုသတင်း
၂၈.၂.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံသံရုံးမှ Minister Counsellor ,Head off Section Office ဖြစ်သူ Mr. Johan Hallenborg ၊ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရေးဆိုင်ရာ အကြီးအကဲ Mr. Anders Frankenberg နှင့် British Council မှ Country Director ဖြစ်သူ Mr. Richard Sunderland တို့က ယနေ့တွင် အဆိုပါဝန်ကြီးရုံး၊ … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ၂/၂၀၁၈ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပမှုသတင်း
၂၈-၂-၂၀၁၈ ၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၂/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၁၃:၀၀)နာရီက လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ တွဲဖက် အတွင်းရေးမှူး ၊ လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်တို့နှင့်အတူ ကော်မတီအဖွဲ့၀င်များ … Read more
-
မော်လမြိုင်မြို့နယ် ခြောက်မိုင်ကျွဲခြံကုန်းရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ် ခြောက်မိုင်ကျွဲခြံကုန်းရပ်ကွက်၌ (၂၇-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ ပလပ်စတစ်ရေပုံး (၂) ပုံး၊ Family Kit (၁) ထုပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀) ကျပ်တို့အား (၂၈-၂-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြို့ကြီးကျေးရွာ၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆/၂၇-၂-၂၀၁၈) ရက်နေ့များတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြို့ကြီးကျေးရွာ၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ပြီး ရွာငံမြို့နယ်ရှိ ကျေးရွာအုပ်စု (၃) စု ကျေးရွာ (၇) ရွာ၌ ယခုနှစ်နွေရာသီကာလအတွက် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သင်တန်းသားများအား အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငကွကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငကွကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ၌ (၂၆-၂-၂၀၁၈) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး အတွက် Unicef Family Kit (၂၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၈၄၀၀) … Read more
-
လေးမျက်နှာမြို့နယ်၊ မိုးကုတ်ကျေးရွာအုပ်စု၊ ကရင်ဆယ်ကျေးရွာနှင့် ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့ နယ်၊ မိုးကုတ်ကျေးရွာအုပ်စု၊ ကရင်ဆယ်ကျေးရွာတွင် (၁၆-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့် အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃)စု၊ လူဦးရေ (၁၁)ဦးနှင့် ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာတွင် (၂၅-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၅)ဦး၊ စုစုပေါင်း အိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေ (၂၆)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ဟင်္သာတမြို့နယ်၊ ခြင်ဘို့ကျေးရွာအုပ်စု၊ ကျောက်ရဲကျေးရွာ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ခြင်ဘို့ကျေးရွာအုပ်စု၊ ကျောက်ရဲကျေးရွာတွင် (၂၆-၂-၂၀၁၈) နေ့၌ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၁၂)လုံး၊ အိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၅၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁၂) အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၂၂၂,၁၂၀) ကျပ်တို့ကို ( ၂၇-၂ -၂၀၁၈) ရက်နေ့တွင် ဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအတွက် အသင့်စားဒံပေါက်ထုပ်များ လှူဒါန်းမှုသတင်း
၂၇-၂-၂၀၁၈၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအတွက် MA-UK (Myanmar ) အဖွဲ့မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၃၅၀၀၀)တန်ဖိုးရှိ အသင့်စားဒံပေါက် (၃၅၀၀၀) ထုပ်ကို ယနေ့ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက် ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးစေရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည် နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမ၌ သဘာဝဘေးလျော့ပါးစေရေးစေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်းကို (၂၂-၂-၂၀၁၈) ရက်နေ့မှ (၂၄-၂-၂၀၁၈) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံခန့်ခွဲမှု ဆိုင်ရာဝေါ်ဟာရများ၊ ဥပဒေများ၊ သဘာဝ ဘေးကြုံတွေ့သူတို့အတွက် လုပ်ဆောင်ရမည့် ရှေ့ဦးသူနာပြုစုခြင်းလုပ်ငန်းများ၊ ကျန်းမာရေး ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ မီးဘေးအန္တရာယ်အကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမျိုးမျိုးဖြစ်ပေါ်လျက်ရှိရာ ယင်းဘေးအန္တရာယ်များနှင့် ပြည်သူများကြုံတွေ့လာပါက မိမိတို့၏ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်မှုများနှင့် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မိုင်းယုမြို့ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ ထေရဝါဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရကျောင်းဆောင်၌ (၂၅-၂-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ငလျင်လှုပ်နေစဉ် လိုက်နာရမည်အချက်များ၊ ရှောင်းရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမည်အချက်များ၊ အရေးပေါ်ကယ်ထုတ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ငလျင်လှုပ်ခတ်မှုအပြီးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ငလျင်ဘေး၊ ရေဘေး၊ မုန် တိုင်းနှင့် လျှပ်စစ်စီးကူးမှုဆိုင်ရာအသိပညာပေးသရုပ်ဖော်ဇာတ်လမ်းများကိုပြသပေးခြင်း၊ ငလျင်ပြင်းထန်စွာ လှုပ်ခတ်ပြီးနောက် ပိတ်မိနေသောပြည်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း လူငယ်များက ကယ်ထုတ်ခြင်း၊ ထိခိုက်/ဒဏ်ရာရရှိသူများအား အရေးပေါ်ကယ်ထုတ်၍ … Read more









