သဘာဝဘေးလျော့ပါးစေရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း

27 pic 03
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည် နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမ၌ သဘာဝဘေးလျော့ပါးစေရေးစေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်းကို (၂၂-၂-၂၀၁၈) ရက်နေ့မှ (၂၄-၂-၂၀၁၈) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံခန့်ခွဲမှု ဆိုင်ရာဝေါ်ဟာရများ၊ ဥပဒေများ၊ သဘာဝ ဘေးကြုံတွေ့သူတို့အတွက် လုပ်ဆောင်ရမည့် ရှေ့ဦးသူနာပြုစုခြင်းလုပ်ငန်းများ၊ ကျန်းမာရေး ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ မီးဘေးအန္တရာယ်အကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမျိုးမျိုးဖြစ်ပေါ်လျက်ရှိရာ ယင်းဘေးအန္တရာယ်များနှင့် ပြည်သူများကြုံတွေ့လာပါက မိမိတို့၏ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်မှုများနှင့် ရှောင်ကြဉ်နိုင်ရန်နည်းလမ်း များ၊ အစုအဖွဲ့လိုက် လက်တွေ့စမ်းသပ်ဆောင်ရွက်ချက်များ၊ ပြည်သူများမှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းထုတ်ပြန်ကြော်ငြာချက်များကို အစဉ်အမြဲလေးစားလိုက်နာပြီး ပေါ့ဆမှုမရှိစေရေး၊ လက်တလော သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသော နိုုင်ငံ တကာအခြေအနေများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးအန္တရာယ်ကျရောက်မှု အပေါ် ကူညီထောက်ပံ့ပေးမှု အခြေအနေများစသည့် ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများအား ပရိုဂျက်တာဖြင့်ပြသ သင်ကြားပေးခဲ့ရာ  စုစုပေါင်းသင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events