ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မိုင်းယုမြို့ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ ထေရဝါဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရကျောင်းဆောင်၌ (၂၅-၂-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ငလျင်လှုပ်နေစဉ် လိုက်နာရမည်အချက်များ၊ ရှောင်းရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမည်အချက်များ၊ အရေးပေါ်ကယ်ထုတ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ငလျင်လှုပ်ခတ်မှုအပြီးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ငလျင်ဘေး၊ ရေဘေး၊ မုန် တိုင်းနှင့် လျှပ်စစ်စီးကူးမှုဆိုင်ရာအသိပညာပေးသရုပ်ဖော်ဇာတ်လမ်းများကိုပြသပေးခြင်း၊ ငလျင်ပြင်းထန်စွာ လှုပ်ခတ်ပြီးနောက် ပိတ်မိနေသောပြည်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း လူငယ်များက ကယ်ထုတ်ခြင်း၊ ထိခိုက်/ဒဏ်ရာရရှိသူများအား အရေးပေါ်ကယ်ထုတ်၍ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း များအား အသိပညာပေးသရုပ်ဖော်ပြသပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ရာ တက်ရောက်လူဦးရေ စုစုပေါင်း (၂၀၀) ဦး တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)