ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ခြင်ဘို့ကျေးရွာအုပ်စု၊ ကျောက်ရဲကျေးရွာတွင် (၂၆-၂-၂၀၁၈) နေ့၌ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၁၂)လုံး၊ အိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၅၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁၂) အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၂၂၂,၁၂၀) ကျပ်တို့ကို ( ၂၇-၂ -၂၀၁၈) ရက်နေ့တွင် ဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)