၂၇-၂-၂၀၁၈၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအတွက် MA-UK (Myanmar ) အဖွဲ့မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၃၅၀၀၀)တန်ဖိုးရှိ အသင့်စားဒံပေါက် (၃၅၀၀၀) ထုပ်ကို ယနေ့ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက် ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။