လေးမျက်နှာမြို့နယ်၊ မိုးကုတ်ကျေးရွာအုပ်စု၊ ကရင်ဆယ်ကျေးရွာနှင့် ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့ နယ်၊ မိုးကုတ်ကျေးရွာအုပ်စု၊ ကရင်ဆယ်ကျေးရွာတွင် (၁၆-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့် အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃)စု၊ လူဦးရေ (၁၁)ဦးနှင့် ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာတွင် (၂၅-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၅)ဦး၊ စုစုပေါင်း အိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေ (၂၆)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၂)အိမ်ထောင်စာကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ (၄)အိမ်ထောင်စာကိုလည်းကောင်း၊ (စုုစုပေါင်း ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး-၂၃၁,၆၁၈) ကျပ်တို့ကို (၂၇-၂ -၂၀၁၈) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events