Category Archives: News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်၊ ဆင်ခေါင်းနှင့် မြောက်ရွှေလောင်းကျေးရွာအုပ်စုတို့၌ (၁-၅-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်အမိုးလန် နေအိမ် (၁၃) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၁၀,၄၀၀ိ/-) ကျပ်တို့အား (၅-၅-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_mar2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာတွင် (၂-၅-၂၀၁၈) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၄)လုံးအတွက် Unicef Family Kit (၂၆) မျိုးပါ (၄) ပုံး၊ ပလပ်စတစ်ပုံး (၄)ပုံး တန်ဖိုးငွေ (၃၅၂,၀၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၁၀)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး တန်ဖိုးငွေ(၁၈၅၁၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁,၀၀၀,၀၀၀ိ/-)ကျပ်နှင့် လေဘေးသင့်လူဦးရေ (၅၉)ဦးအတွက် ဆန်ရိက္ခာ (၇) … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းစုကျေးရွာတွင် (၂-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၄)လုံးအတွက် Unicef Family Kit (၂၆) မျိုးပါ (၄) ပုံး၊ ပလပ်စတစ်ပုံး (၄)ပုံး တန်ဖိုးငွေ (၃၅၂,၀၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)၊ အမိုးလန်နေအိမ် (၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး တန်ဖိုးငွေ (၅၅,၅၃၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀ိ/-)ကျပ်နှင့် လေဘေးသင့်လူဦးရေ (၄၁)ဦးအတွက် … Read more
-
ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများ ဘေးကင်းလုံခြုံမှုရှိရေးနှင့် ကူညီထောက်ပံ့ရေးကိစ္စများ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရပူးပေါင်းဆောင်ရွက်
၆.၅.၂၀၁၈၊ မြစ်ကြီးနားမြို့ မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ လမ်းခွကျေးရွာသို့ရောက်ရှိပြီး လယ်ဘရော့ယန် နှစ်ခြင်းဘုရားကျောင်းတွင် ယာယီဖွင့်လှစ်ထားသော တိုက်ပွဲ ရှောင်စခန်းသို့ရောက်ရှိကြပြီး နေရပ်စွန့်ခွာလာရသော ပြည်သူများကိုတွေ့ဆုံကာ အားပေးစကားပြောကြား ပါသည်။ ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာကြရသော ပြည်သူများအနေဖြင့် စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများတွင် လိုအပ်ချက်များရှိမည်ဖြစ်ကြပြီး ကူညီထောက်ပံ့ ဖြေရှင်းပေးရန်မှာလည်း အစိုးရ၏တာဝန်ဖြစ်သဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေး အတွက် စားပွဲဝိုင်းအဖြေရှာမှုဖြင့် ညှိနှိုင်းပြီးမျှတသော အကျိုးရလဒ်ကောင်းရရှိရေးကို အစိုးရအနေဖြင့် … Read more
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေဘေးကာကွယ်ရေးနှင့် ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် မိုးမိတ်မြို့အတွက် ဖိုင်ဘာစက်လှေ (၂)စီးနှင့် အသက်ကယ်အင်္ကျီ (၂၀)ထည်၊ မဘိမ်းမြို့အတွက် ဖိုင်ဘာစက်လှေ (၂)စီးနှင့် အသက်ကယ်အင်္ကျီ (၂၀)ထည်၊ စုစုပေါင်း ဖိုင်ဘာစက်လှေ (၄)စီးနှင့် အသက်ကယ်အင်္ကျီ (၄၀)ထည်တို့အား မိုးမိတ်မြို့နယ်၊ အုပ်ချုပ်ရေးမှူးထံသို့ (၆-၅-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၈) ရက်နေ့ ည (၂၂:၁၅) နာရီအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ လုပ်သားရွာတွင် ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ (၆) နှစ်အရွယ် ကလေး(၁) ဦးနှင့် (၂) နှစ်ခွဲအရွယ် ကလေး(၁) ဦးတို့ မီးလောင်မှုကြောင့် သေဆုံးခဲ့ရကြောင်းနှင့် အဆိုပါ သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၆၀၀,၀၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ ကျန်ရစ်သူ မိသားစု (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာတန်ဖိုးငွေကျပ် … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများကချင်ပြည်နယ်ရှိတိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ
၅.၅.၂၀၁၈၊ ကချင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ဒုတိယ၀န်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် လူမှုရေး၀န်ကြီးဒေါက်တာသင်းလွင်နှင့်အတူ တာ၀န်ရှိသူများလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တန်ဖဲရွာတွင် ယာယီဖွင့်လှစ်ထားရှိသောတိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိကြပြီးနေရပ်စွန့်ခွာရောက်ရှိလာသောပြည်သူလူထုနှင့်တွေ့ဆုံကာရင်းရင်းနှီးနှီးအားပေးစကားပြောကြားပါသည်။ ပြည်ထောင်စု၀န်ကြီးက ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နေရပ်စွန့်ခွာလာရချိန်တွင် လိုအပ်သော စား၀တ်နေရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်အခက်အခဲများကိုဖြေရှင်းပေးရန်၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်၀န်ဆောင်မိခင်များနှင့် ကလေးများကိုပိုမိုအလေးထားစောင့်ရှောက်ရန်၊ ကူညီမှုများပေးအပ်လို၍ လာရောက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများဒုက္ခခံစားနေရချိန်တွင် ထိရောက်စွာစောင့်ရှောက်နိုင်ရန် အရေးကြီးပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် လိုအပ်ချက်များကိုပွင့်ပွင့်လင်းလင်းတင်ပြရန် ပြောကြားခဲ့ပါသည်။ အင်ဂျန်းဒုံ၊ အင်ဂိုင်းကောင်နှင့် … Read more
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၈) ရက်နေ့ည (၁၉:၃၀) နာရီအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဝေါ်ဟေးရွာတွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)အိမ်၊ အိမ်ထောင်စု (၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၀) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀) နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာတန်ဖိုးငွေကျပ် (၁၈,၉၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၈,၉၀၀) အား (၅-၅-၂၀၁၈) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ငလျင်အသိပညာပေး ဟောပြောပို့ချမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၈)ရက်နေ့ နံနက် (၁၁:၀၀)နာရီမှ (၁၁:၃၀)နာရီအထိ ကျိုင်းတုံ မြို့နယ်၊ နွေရာသီ ဆရာ/ဆရာမများ မွမ်းမံသင်တန်းတွင် တက်ရောက်နေသူ (၁၀၇) ဦးအား ငလျင်အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လက်တွေ့သရုပ်ပြခြင်း၊ ဆရာ/ဆရာမများအား ပူးပေါင်းပါဝင်စေခြင်း၊ ငလျင်ပညာပေးဗွီနိုင်းပေးအပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းစုကျေးရွာတွင် (၂-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၄) လုံးအတွက် Unicef Family Kit (၂၆) မျိုးပါ ပလပ်စတစ်ပုံး (၄)ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုး (၄၀၀,၀၀၀/-)ကျပ်၊ အမိုးလန်နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀ိ/-)ကျပ်နှင့် လေဘေးသင့် လူဦးရေ (၄၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ … Read more









