ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၈) ရက်နေ့ည (၁၉:၃၀) နာရီအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဝေါ်ဟေးရွာတွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)အိမ်၊ အိမ်ထောင်စု (၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၀) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀) နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာတန်ဖိုးငွေကျပ် (၁၈,၉၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၈,၉၀၀) အား (၅-၅-၂၀၁၈) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events