ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၈) ရက်နေ့ ည (၂၂:၁၅) နာရီအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ လုပ်သားရွာတွင် ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ (၆) နှစ်အရွယ် ကလေး(၁) ဦးနှင့် (၂) နှစ်ခွဲအရွယ် ကလေး(၁) ဦးတို့ မီးလောင်မှုကြောင့် သေဆုံးခဲ့ရကြောင်းနှင့် အဆိုပါ သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၆၀၀,၀၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ ကျန်ရစ်သူ မိသားစု (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာတန်ဖိုးငွေကျပ် (၄,၂၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၇၀၄,၂၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၀) မျိုးတို့အား (၆-၅-၂၀၁၈) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီတွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။