လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းစုကျေးရွာတွင် (၂-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၄)လုံးအတွက် Unicef Family Kit (၂၆) မျိုးပါ (၄) ပုံး၊ ပလပ်စတစ်ပုံး (၄)ပုံး တန်ဖိုးငွေ (၃၅၂,၀၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)၊ အမိုးလန်နေအိမ် (၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး တန်ဖိုးငွေ (၅၅,၅၃၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀ိ/-)ကျပ်နှင့် လေဘေးသင့်လူဦးရေ (၄၁)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈၆,၁၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၃၆,၁၀၀ိ/-)ကျပ်တို့အား (၄-၅-၂၀၁၈) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ လေဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_may2018

Sign Up

Upcoming Events