ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းစုကျေးရွာတွင် (၂-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၄) လုံးအတွက် Unicef Family Kit (၂၆) မျိုးပါ ပလပ်စတစ်ပုံး (၄)ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုး (၄၀၀,၀၀၀/-)ကျပ်၊ အမိုးလန်နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀ိ/-)ကျပ်နှင့် လေဘေးသင့် လူဦးရေ (၄၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၈၆,၁၀၀/-)ကျပ် စုစုပေါင်း ရန်ပုံငွေ (၆၃၆,၁၀၀/-)ကျပ်တို့အား (၄-၅-၂၀၁၈) ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦး တို့မှ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_ may2018