ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများ ဘေးကင်းလုံခြုံမှုရှိရေးနှင့် ကူညီထောက်ပံ့ရေးကိစ္စများ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရပူးပေါင်းဆောင်ရွက်

7 Pic 02 7 Pic 03၆.၅.၂၀၁၈၊ မြစ်ကြီးနားမြို့
မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ လမ်းခွကျေးရွာသို့ရောက်ရှိပြီး လယ်ဘရော့ယန် နှစ်ခြင်းဘုရားကျောင်းတွင် ယာယီဖွင့်လှစ်ထားသော တိုက်ပွဲ ရှောင်စခန်းသို့ရောက်ရှိကြပြီး နေရပ်စွန့်ခွာလာရသော ပြည်သူများကိုတွေ့ဆုံကာ အားပေးစကားပြောကြား ပါသည်။
ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာကြရသော ပြည်သူများအနေဖြင့် စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများတွင် လိုအပ်ချက်များရှိမည်ဖြစ်ကြပြီး ကူညီထောက်ပံ့ ဖြေရှင်းပေးရန်မှာလည်း အစိုးရ၏တာဝန်ဖြစ်သဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေး အတွက် စားပွဲဝိုင်းအဖြေရှာမှုဖြင့် ညှိနှိုင်းပြီးမျှတသော အကျိုးရလဒ်ကောင်းရရှိရေးကို အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ၏ ဆန္ဒသဘောထားများကိုရယူပြီး ဆောင်ရွက်ရန်ရှိ သည်များကိုလည်း မဆိုင်းမတွဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်သူများ အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် လန်ဘရော့ယန်၊ စိန့်ဒေါမနစ်၊ ဧမာနွေလဘုရားကျောင်းများရှိ တိုက်ပွဲရှောင်စခန်းများမှ ငါးနှစ်အောက်ကလေးငယ်များအတွက် ထောက်ပံ့ငွေကျပ် (၅၇)သိန်း ၅ သောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အတွက် ထောက်ပံ့ငွေကျပ် (၁၃)သိန်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ (၁၇)သိန်း၊ အမျိုးသမီး အိမ်ထောင် ဦးစီးမိသားစုများအတွက် ထောက်ပံ့ငွေကျပ်(၂၀)သိန်း နှင့် ဆန်၊ ဆီ၊ ဆား၊ ပဲရိက္ခာ တစ်လစာ တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိန့်ပေါလု (RC) ဘုရားကျောင်းရှိ နေရပ်စွန့်ခွာ လာသူပြည်သူများနှင့် တွေ့ဆုံကာ အားပေးနှစ်သိမ့််စကားပြောကြားခဲ့ပါသည်။ နေရပ်စွန့်ခွာလာကြသော ပြည်သူများက လိုအပ်ချက်များကိုတင်ပြကြရာတွင် ကျောင်းဖွင့်ရာသီနီးလာပြီဖြစ်သဖြင့် ကလေးငယ်များ စာသင်ကြားခွင့်ရရှိရေး၊ နဂိုမူလနေရာတွင် ကျန်ရှိခဲ့သည့် ကျွှဲ၊ နွား၊ တိရစ္ဆာန်များနှင့် စိုက်ပျိုးသီးနှံများ စနစ် တကျရှိစေရန်အတွက် ကူညီပေးပါရန် တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်တို့က ဆောင်ရွက်ပေးမည့်အစီအမံများကို ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် စိန့်ပေါလုဘုရားကျောင်းတွင် ခေတ္တခိုလှုံနေသော ကဆုန့်ကျေးရွာတိုင်ပွဲရှောင်ပြည် သူများမှ အသက်ငါးနှစ်အောက် ကလေးသူများငယ်များအတွက် ထောက်ပံ့ငွေကျပ် (၂၀)သိန်း၊ ကိုယ်ဝန် ဆောင်မိခင်များအတွက် ထောက်ပံ့ငွေကျပ် (၂)သိန်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ(၂)သိန်း၊ အမျိုး သမီးအိမ်ထောင်ဦးစီးမိသားစုများအတွက် ထောက်ပံ့ငွေ(၆)သိန်းနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ရိက္ခာ တစ်လစာတို့ကို ထောက်ပံ့ပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူကြပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာ တြီနီတီဘုရား ကျောင်းသို့ရောက်ရှိခဲ့ပြီး တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး တိုင်ပွဲရှောင် ပြည်သူများမှ အသက်ငါးနှစ်အောက် ကလေးသူများငယ်များအတွက် ထောက်ပံ့ငွေကျပ် (၆၆)သိန်း၊ ကိုယ်ဝန် ဆောင်မိခင်များအတွက် ထောက်ပံ့ငွေကျပ် (၂၁)သိန်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ (၁၆)သိန်း၊ အမျိုးသမီးအိမ်ထောင်ဦးစီးမိသားစုများအတွက် ထောက်ပံ့ငွေ (၁၀)သိန်း(၅)သောင်းကျပ်နှင့် ဆန်၊ ဆီ၊ ဆား၊ ပဲရိက္ခာတစ်လစာတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့်တွေ့ဆုံ၍ လက်ရှိတိုက်ပွဲများကြောင့် အချို့နေရာများ တွင် သွားလာမှုခက်ခဲမှုရှိသည့် ဘေးသင့်ပြည်သူများကို လုံခြုံသောနေရာများသို့ ပြောင်းရွှေ့နိုင်ရေး ပြည်ထောင်စုအစိုးရ၏ အစီအစဉ်ကိုတပ်မတော်၊ ပြည်နယ်အစိုးရတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးဆွေး နွေးခဲ့ရာ မန်ဝယ်ကျေးရွာမှ ပြောင်းရွှေ့ပေးရန်လိုအပ်သော ပြည်သူ (၁၅၃)ဦးကို ပြည်နယ်အစိုးရ၏အစီ အစဉ်ဖြင့် ကာမိုင်း၊ ဖားကန့် မြို့နယ်များရှိအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ပထမဦးစွာ ချောင်းဝ ကျေးရွာမှ တစ်ဆင့် စက်လှေများဖြင့်ခေါ်ယူ၍ အင်းတော်ကြီး၊ ရွှွေမဉ္ဖူ ဓမ္မာရုံတွင် ခေတ္တနေထိုင်စေ၍ နောက်ရက်တွင် ၎င်းတို့လိပ်စာပေးထားသော ကာမိုင်းမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများသို့ ခေတ္တနေထိုင်ရေး နှင့် အချို့ကို ၎င်းတို့၏ မူလနေရာများသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ထိုသူများ လက်တလောစားသုံးရန်နှင့် အခြားလိုအပ်ချက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနကတစ်ပြိုင်တည်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်းသိရှိရပါသည်။
ပြည်ထောင်စုဝန်ကြီးသည် တိုက်ပွဲရှောင်စခန်းများသို့သွားရောက်တွေ့ဆုံအားပေးထောက် ပံ့ရာတွင် ကလေးငယ်များအားအာဟာရမုန့်များပေးဝေခြင်းနှင့် အသက် (၉၀)နှစ်နှင့်အထက် အဘိုးအဘွားများကိုလည်း သီးခြားစီတွေ့ဆုံ၍ လက်ဝယ်အရောက်ငွေကြေးထောက်ပံ့ခြင်းများ လည်းဆောင်ရွက်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ခရီးစဉ်အတွင်း စုစုပေါင်းထောက်ပံ့ငွေ (၇၀၈၄၆၁၂၅) ကျပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1
#kcn_may2018

Sign Up

Upcoming Events