ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာတွင် (၂-၅-၂၀၁၈) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၄)လုံးအတွက် Unicef Family Kit (၂၆) မျိုးပါ (၄) ပုံး၊ ပလပ်စတစ်ပုံး (၄)ပုံး တန်ဖိုးငွေ (၃၅၂,၀၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၁၀)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး တန်ဖိုးငွေ(၁၈၅၁၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁,၀၀၀,၀၀၀ိ/-)ကျပ်နှင့် လေဘေးသင့်လူဦးရေ (၅၉)ဦးအတွက် ဆန်ရိက္ခာ (၇) ရက် စာ (၁၂၃,၉၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၅၂၃,၉၀၀ိ/-)ကျပ်တို့အား ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ (၄-၅-၂၀၁၈) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_may2018