Category Archives: News
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ကျိုင်းတုံမြို့နယ်၊ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ခရိုင်မှ တပ်ဖွဲစုမှူး၊ ဒုရဲမှူးကျော်ဇော်အောင်အဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ (၂၉.၅.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၄း၀၀)နာရီမှ (၁၅း၃၀)နာရီအထိ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာနေ ပြည်သူလူထု (၁၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ် နန်းဟောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၃) ရွာ၌ (၂၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂၃) လုံး၊ အိမ်ထောင်စု (၂၃) စုမှ လူဦးရေ (၁၃၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၃၀၀,၀၀၀ိ/-) ကျပ် တို့အား (၂၉-၅-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #shn_may2018
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာအုပ်စု၊ သပြေ ကျွန်းကျေးရွာတွင် (၂၅-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၂) လုံး၊ အမိုးလန်နေအိမ် (၁၀) လုံး၊ စုစုပေါင်းနေအိမ် (၁၂) လုံး၊ အိမ်ထောင်စု (၁၂) စုမှ လူဦးရေ (၄၇) ဦးအတွက် UNICEF FAMILY KITS (26) မျိုးပါ (၂) ပုံး (၁၆၄၀၀၀ိ/-)၊ ပလပ်စတစ်ပုံး (၂) ပုံး … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မောင်တောမြို့နယ်၊ လှဖိုးခေါင်ကြားစခန်းရှိ မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသူ များအား သွားရောက်တွေ့ဆုံမှုသတင်း
စစ်တွေ မေ ၂၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ထိုမှတဆင့် မော်တော်ယာဉ်ဖြင့် မောင်တောမြို့နယ်ရှိ လှဖိုးခေါင်ကြားစခန်းသို့ရောက်ရှိပြီး တဖက်နိုင်ငံမှ မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက် လာသူများအား သွားရောက်တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဝင်ရောက်လာသူများကို စနစ်တကျလက်ခံခြင်း ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ပြန်လည် နေရာချထားရေးအစီအစဉ်ကိုလည်း နှစ်နိုင်ငံသဘောတူညီချက်တွင်ပါရှိသည့်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပြန်လည် ဝင်ရောက်လာသူများတွင် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ပေါ်ရှိ အမှတ် (၈) ရပ်ကွက်၊ ဘိုကြီးကုန်းရပ်၊ လှည်းကျော်ကုန်းရပ်နှင့် မရမ်းချောင်းကျေးရွာအုပ်စု၊ မြန်မာမရမ်းချောင်းကျေးရွာတို့၌ (၂၈-၈-၂၀၁၈) ရက် နေ့တွင်ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ဓနိမိုး၊ ထရံကာ၊ ကြမ်းခင်းနေအိမ် (၂) လုံး၊ အုတ်ခင်း၊ သွပ်မိုး၊ ပျဉ်ကာ နေအိမ် (၁) လုံး၊ စုစုပေါင်း နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုနှင့် မုန်တိုင်းဘေးအတွက် ပြင်ဆင်မှုအခြေအနေ
မြန်မာနိုင်ငံတွင် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့်မေလတို့၌ မိုးတိမ်တောင်များဖြစ်ထွန်းပြီး မိုးသက် လေပြင်းကျရောက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပွားလေ့ရှိပါသည်။ ၂၀၁၇ခု နှစ် မိုးကြိုကာလအတွင်း လေပြင်းဘေးကြောင့် မြန်မာနိုင်ငံအဝန်းမှ လူနေအိမ်ပေါင်း (၁၆၉၄၀) လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် ဝန်ကြီးဌာန၏ မူဝါဒ၊ ဦးစီးဌာန၏ ရည်ရွယ်ချက်များနှင့်အညီ ဘေးကျ ရောက်ပါက လျင်မြန်ထိရောက်စွာထောက်ပံ့ကူညီရေး လုပ်ငန်းများကို ပေါင်းစပ်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ ဦးစီးဌာနအနေဖြင့် မိုးဦးကာလမတိုင်မီကပင် ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုန့်ပြန် နိုင်စွမ်းတိုးတက်စေရေးအတွက် အသိပညာပေးဟောပြောပွဲများနှင့် ပြည်သူလူထုပါဝင်သည့် ဇာတ်တိုက် … Read more
-
ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၇)၊၂၀၁၈
၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၀၀) နာရီအချိန်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ကုန်းတွင်း မုန်တိုင်းငယ်သတိပေးချက် ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ ======================= (က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ညောင်ဦးမြို့၏ အနောက်မြောက်ဘက် မိုင် (၂၀) ခန့်၊ ပခုက္ကူမြို့၏ အနောက် ဘက် မိုင် (၃၀) ခန့်၊ မြင်းခြံမြို့၏ … Read more
-
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၆)၊၂၀၁၈
(၂၀၁၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၂၃:၃၀) နာရီအချိန် ထုတ်ပြန်ချက်) ======================================================= မုန်တိုင်းငယ်အခြေအနေ ================ (က) ယနေ့မြန်မာစံတော်ချိန် (၂၃:၀၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို အမ်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ နောက် (၁၂) နာရီအတွင်းခန့်မှန်းချက် ======================= (က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ် (Land … Read more
-
အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၅)၊၂၀၁၈
၂၀၁၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၂၁:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် အားကောင်းသော မုန်တိုင်းငယ်အခြေအနေ ========================== (က) ယနေ့မြန်မာစံတော်ချိန် (၂၁:၀၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression) သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို အမ်းမြို့အနီးမှ စတင်ဖြတ်ကျော် ဝင်ရောက်လျက်ရှိပြီး၊ အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။ နောက်(၁၂)နာရီအတွင်းခန့်မှန်းချက် ====================== (က) အဆိုပါ အားကောင်းသော … Read more
-
အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၄)၊ ၂၀၁၈
၁။ ၂၀၁၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် အားကောင်းသော မုန်တိုင်းငယ်အခြေအနေ ============================== (က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက် ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ မာန်အောင်မြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၄၀)ခန့်၊ စစ်တွေမြို့၏ တောင် … Read more









