မြန်မာနိုင်ငံတွင် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့်မေလတို့၌ မိုးတိမ်တောင်များဖြစ်ထွန်းပြီး မိုးသက် လေပြင်းကျရောက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပွားလေ့ရှိပါသည်။ ၂၀၁၇ခု နှစ် မိုးကြိုကာလအတွင်း လေပြင်းဘေးကြောင့် မြန်မာနိုင်ငံအဝန်းမှ လူနေအိမ်ပေါင်း (၁၆၉၄၀) လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် ဝန်ကြီးဌာန၏ မူဝါဒ၊ ဦးစီးဌာန၏ ရည်ရွယ်ချက်များနှင့်အညီ ဘေးကျ ရောက်ပါက လျင်မြန်ထိရောက်စွာထောက်ပံ့ကူညီရေး လုပ်ငန်းများကို ပေါင်းစပ်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ ဦးစီးဌာနအနေဖြင့် မိုးဦးကာလမတိုင်မီကပင် ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုန့်ပြန် နိုင်စွမ်းတိုးတက်စေရေးအတွက် အသိပညာပေးဟောပြောပွဲများနှင့် ပြည်သူလူထုပါဝင်သည့် ဇာတ်တိုက် လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ မြန်မာ့ရုပ်မြင်သံကြားနှင့်ရေဒီယိုတို့မှတစ်ဆင့် ပြည်သူသို့ အသိပေး ချက်များထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် (၂၉-၅-၂၀၁၈) ရက်နေ့ (၀၃း၀၀) အချိန်ခန့်က မိုးများအဆက်မပြတ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ ရပ်ကွက် (၉) ခုမှ လူနေအိမ် (၅၀၀) ကျော် အမိုးလန်ခြင်း၊ ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့သည့်အပြင် သစ်ပင်ပြိုလဲမှုများဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ လေပြင်းဘေးကြောင့်ပျက်စီးဆုံးရှုံးမှုအြခေအနေအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အပါအဝင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ စာရင်းကောက်ယူ လျက်ရှိပါသည်။ ထို့အပြင် ဘေးသင့်မိသားစုများအားပျက်စီးမှုအြခေအနေပေါ်မူတည်၍ အိမ်ဆောက် ပစ္စည်းဖိုး/ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်းနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းအား ရန်ကုန်တိုင်း ဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့ ညနေပိုင်းတွင် စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။
အလားတူ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာတွင် (၂၉-၅-၂၀၁၈) ရက်နေ့ (ဝရး၄၅) အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ အုန်းပင်လဲကျပိမိသဖြင့် လူ (၁) ဦး သေဆုံးပြီး (၁)ဦးဒဏ်ရာရှိခဲ့ကာသိမ္ဘလကျေးရွာတွင် မန်ကျည်းပင်လဲကျမှုကြောင့် လူ(၁) ဦးဒဏ်ရာ ရရှိခဲ့ ကြောင်းကနဦး သတင်းအရသေဆုံး၊ ဒဏ်ရာရရှိသူများနှင့် ထိခိုက်ပျက်စီးသည့် နေအိမ်များအား ထောက်ပံ့နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့် စပ်လျဉ်း၍လည်း ကြိုတင်ပြင်ဆင် ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၂၅-၅-၂၀၁၈) ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် လျက်ရှိကြောင်းသိရှိချိန်မှစ၍ မိမိဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အချိန်နှင့် အမျှပြောင်း လဲဖြစ်ပေါ်နေသည့် မိုးလေဝသအခြေအနေအားစောင့်ကြည့်လေ့လာခြင်း၊ အပြည်ပြည်ဆိုင်ရာ မိုးလေဝသ ဌာနများ၏ Internetစာမျက်နှာများမှတစ်ဆင့် သုံးသပ်ခန့်မှန်းခြင်းများနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနနှင့် ညှိနှိုင်းအတည်ပြုချက်ရယူခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်း ဒေသကြီး/ ပြည်နယ် ဦးစီးမှူရုံးများသို့ လေဖိအားနည်းရပ်ဝန်း၏ နေ့စဉ်အခြေအနေအား အသိပေးပြီး စောင့်ကြည့်လေ့လာစေခြင်း၊ လိုအပ်သည့်ကြိုတင်ဆောင်ရွက်မှုများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ထား စေခဲ့ပါသည်။
၎င်းအပြင် ဘေးဖြစ်ပွားလာပါကလည်း ချက်ချင်းထောက်ပံ့မှုများဆောင်ရွက်နိုင်ရန်အတွက် မြေပြင်နှင့် အဆက်မပြတ်ဆက်သွယ်ခြင်း သတင်းအချက်အလက်များစောင့်ကြည့်ကာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိသိုလှောင်ရုံများတွင် ပစ္စည်းများအဆင်သင့်ဖြည့်တင်းထားရှိခြင်း၊ ရန်ပုံငွေများဖြည့် တင်းခြင်းတို့ကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။
Source: DDM
#ha_sgw
#ha_str
#npw_may2018