လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ပေါ်ရှိ အမှတ် (၈) ရပ်ကွက်၊ ဘိုကြီးကုန်းရပ်၊ လှည်းကျော်ကုန်းရပ်နှင့် မရမ်းချောင်းကျေးရွာအုပ်စု၊ မြန်မာမရမ်းချောင်းကျေးရွာတို့၌ (၂၈-၈-၂၀၁၈) ရက် နေ့တွင်ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ဓနိမိုး၊ ထရံကာ၊ ကြမ်းခင်းနေအိမ် (၂) လုံး၊ အုတ်ခင်း၊ သွပ်မိုး၊ ပျဉ်ကာ နေအိမ် (၁) လုံး၊ စုစုပေါင်း နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးအတွက် Unicef family Kits (26) မျိုးပါ (၃) ပုံး (၂၆၄၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ (၂၅,၂၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၂၅,၂၀၀ိ/-) ကျပ်တို့အား (၂၉-၅-၂၀၁၈)ရက်နေ့ (၁၅း၄၀) နာရီအချိန်တွင် လေဘေး သင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_may2018

Sign Up

Upcoming Events