အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၄)၊ ၂၀၁၈

၁။ ၂၀၁၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်

အားကောင်းသော မုန်တိုင်းငယ်အခြေအနေ

==============================

(က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက် ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ မာန်အောင်မြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၄၀)ခန့်၊ စစ်တွေမြို့၏ တောင် ဘက် မိုင်(၇၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် (၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
=======================================
(ခ) အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို နောက် (၄) နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရ ပါသဖြင့် အနီရောင် အရေးပေါ်အခြေအနေဟု သတ်မှတ်ပါသည်။
=======================================
အားကောင်းသော မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

===================================================

(က) အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၁၉.၀) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.၀) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၂) ဟက်တို ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်နှုန်း ဖြစ်ပါ သည်။

နောက်(၄)နာရီအတွင်းခန့်မှန်းချက်

=======================

(က) အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် ယနေ့ညနေမှ နောက် (၄) နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။
=======================================
(ခ) အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်မှ မိုင် (၅၀) အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
=======================================

(ဂ) အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ဖြတ်ကျော်စဉ် မုန်တိုင်း ဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ မာန်အောင်မြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ ကမ်းခြေဒေသများတွင် (၆) ပေမှ (၈) ပေခန့်နှင့် ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေ ဒေသများတွင် (၃) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

===============

(က) အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ အရှိန်ကြောင့် (၂၉.၅.၂၀၁၈) ရက်နေ့မှ (၃၁.၅.၂၀၁၈) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်မည်။
=======================================
(ခ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄) နာရီအတွင်း (၇၇) မီလီမီတာ (၃) လက်မ နှင့်အထက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် (၃၈) မီလီမီတာ (၁.၅) လက်မနှင့် အထက် ရွာသွန်းနိုင်ပါသည်။
=======================================
(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅) မိုင်အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် (၁၀) ပေမှ (၁၆) ပေခန့်ရှိနိုင်ပါသည်။
=======================================
အကြံပြုချက်

========

(က) အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်း များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်း ငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events