လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ကျိုင်းတုံမြို့နယ်၊ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ခရိုင်မှ တပ်ဖွဲစုမှူး၊ ဒုရဲမှူးကျော်ဇော်အောင်အဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ (၂၉.၅.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၄း၀၀)နာရီမှ (၁၅း၃၀)နာရီအထိ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာနေ ပြည်သူလူထု (၁၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2018
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)