လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ် နန်းဟောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၃) ရွာ၌ (၂၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂၃) လုံး၊ အိမ်ထောင်စု (၂၃) စုမှ လူဦးရေ (၁၃၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၃၀၀,၀၀၀ိ/-) ကျပ် တို့အား (၂၉-၅-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#shn_may2018