လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာအုပ်စု၊ သပြေ ကျွန်းကျေးရွာတွင် (၂၅-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၂) လုံး၊ အမိုးလန်နေအိမ် (၁၀) လုံး၊ စုစုပေါင်းနေအိမ် (၁၂) လုံး၊ အိမ်ထောင်စု (၁၂) စုမှ လူဦးရေ (၄၇) ဦးအတွက် UNICEF FAMILY KITS (26) မျိုးပါ (၂) ပုံး (၁၆၄၀၀၀ိ/-)၊ ပလပ်စတစ်ပုံး (၂) ပုံး (၁၂၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၁၀) ပုံး (၁၈၅၁၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၉၈,၇၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀ိ/-) ကျပ် ၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၉၈,၇၀ဝိ) ကျပ်တို့အား (၂၉-၅-၂၀၁၈) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_may2018