Category Archives: News
-
ဖိုက်ဘာစက်လှေများ မိုးမိတ်မြို့၊ ငမိတ်ချောင်းအတွင်း၌ လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အသုံးပြုရန်အတွက် ထောက်ပံ့လှူဒါန်းထားသော ဖိုက်ဘာစက်လှေများအား (၁၃-၆-၂၀၁၈)ရက်နေ့ တွင် စက်များတပ်ဆင်၍ မိုးမိတ်မြို့၊ ငမိတ်ချောင်းအတွင်း၌ လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများ၊ ခရိုင်ပြန်/ဆက်၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #shn_jun2018 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) မှ ကျိုက်ထိုမြို့နယ် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
=================================================== Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ Family kit (၁) ထုပ်၊ ရေပုံးအဖုံးပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) နှင့် လူဦးရေ (၄) ဦးအတွက် … Read more
-
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၆.၂၀၁၈)ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သရက်မြို့နယ်၊ ဘန်းကုန်းကျေးရွာအုပ်စု၊ ဒေါင်းပျံ ကျေးရွာ၌ ရေဝင်ရောက်မှုကြောင့် အိမ်ခြေ(၄၇)လုံး၊ အိမ်ထောင်စု(၄၇)စုလူဦးရေ(၁၉၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၃)ရက်စာ (၁၇၅၅၀၀ိ/-) ကျပ်တို့အား (၁၃.၆.၂၀၁၈) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jun2018 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် (၁၁.၆.၂၀၁၈)ရက်နေ့၌ မိုးအဆက်မပြတ်ရွာသွန်း၍ ရေဝင် ရောက်မှုုကြောင့် ငဖဲမြို့နယ်၊ မြို့မရပ်ကွက်မှ ရေဘေးရှောင်ပြည်သူ(၁၃၉)ဦးတို့အတွက် ဆန်(၇)ရက်စာ(၂၉၁,၉၀၀/-) ကျပ်အား (၁၃.၆.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ရေဘေးရှောင်ဓမ္မာရုံသို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူသွားရောက်၍ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jun2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
စလင်းမြို့နယ်ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ (၂) ရွာ တို့တွင် (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် အိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀) ကျပ်၊ လူဦးရေ(၂၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၅၆,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅၆,၇၀၀)ကျပ်နှင့် ကယ်ဆယ် ရေး ပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၇)စုစာတို့အားလည်ကောင်း၊ ဆက်လက်၍ စလင်းမြို့နယ်၊ ကျေးရွာ(၈)ရွာတွင် (၁၂-၆-၂၀၁၈) … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက် (၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၃) ရက်၊ (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်း သတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- မြစ်ရေကြီးခြင်းသတိပေးချက် (၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၃) ရက်၊ (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၅) ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၂) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် … Read more
-
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်း လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများ သည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁) ခု၊ ကျေးရွာအုပ်စု(၃)ခုမှ ကျေးရွာ(၄)ရွာတွင် (၉/၁၁. ၆.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၉၀,၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၃)ဦးအတွက်(၂၇,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၁၇,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၄)အိမ်ထောင်စာတို့အား (၁၃.၆.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ၌ သဘာဝဘေးလျော့ပါးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၃/၂၀၁၈) ဖွင့်လှစ်မှုသတင်း
=================================================== Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ၌ သဘာဝဘေးလျော့ပါးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၃/၂၀၁၈) အား (၁၃-၆-၂၀၁၈) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား၌ ကလိန်အောင်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဦးစီးမှူး (ဘစမ) မှ သင်တန်းဆိုင်ရာ ရှင်းလင်းချက်များအား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ (၃၀) ဦးတက်ရောက်လျက်ရှိပြီး (၁၃-၆-၂၀၁၈) ရက်နေ့မှ (၁၅-၆-၂၀၁၈) ရက်နေ့ထိ (၃) ရက်တာဖွင့်လှစ်မည်ဖြစ်ကြောင်း … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ်( ၁/၂၀၁၈) ဖွင့်ပွဲ ကျင်းပပြုလုပ်မှု သတင်း
(၁၃-၆-၂၀၁၈) ရက်နေ့တွင် (၉:၃၀)နာရီအချိန်တွင် မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့၊ ကျွန်းသာယာ ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ်( ၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားတွင် ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူး ကိုယ်စား၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူအေးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ချောင်းဆုံမြို့ သဘာဝဘေးစီမံခန့်ခွဲကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်း အင်အား (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jun2018
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁- ၅- ၂၀၁၈ ) ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးကျေးရွာအုပ်စု၊ ဇရပ်လှအုပ်စုကျေးရွာ (၂) ရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၇၀၀၀၀၀) ကျပ်အား ( ၁၂- ၆- ၂၀၁၈) ရက်နေ့တွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ # ha_rbe #bgo_jun2018 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး … Read more









