စလင်းမြို့နယ်ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

 

 

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ (၂) ရွာ တို့တွင် (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့်   အိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀)  ကျပ်၊ လူဦးရေ(၂၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၅၆,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅၆,၇၀၀)ကျပ်နှင့်  ကယ်ဆယ် ရေး ပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၇)စုစာတို့အားလည်ကောင်း၊ ဆက်လက်၍ စလင်းမြို့နယ်၊ ကျေးရွာ(၈)ရွာတွင် (၁၂-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေဘေးရှောင်ပြည်သူ (၂၆၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၅၄၈,၁၀၀)ကျပ်၊ ဆက်လက်၍ စလင်းမြို့နယ်၊ ကုန်းကြားကျေးရွာတွင် (၁၁-၆-၂၀၁၈)ရက်နေ့တွင် ရေမျောသေဆုံးသူ (၁) ဦးအတွက် သေဆုံး ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၆၀၄,၈၀၀) ကျပ်တို့အား (၁၃-၆-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld

#mgy_jun2018

 

Sign Up

Upcoming Events