(၁၃-၆-၂၀၁၈) ရက်နေ့တွင် (၉:၃၀)နာရီအချိန်တွင် မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့၊ ကျွန်းသာယာ ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ်( ၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားတွင် ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူး ကိုယ်စား၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူအေးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ချောင်းဆုံမြို့ သဘာဝဘေးစီမံခန့်ခွဲကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်း အင်အား (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_jun2018