
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၆.၂၀၁၈)ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သရက်မြို့နယ်၊ ဘန်းကုန်းကျေးရွာအုပ်စု၊ ဒေါင်းပျံ ကျေးရွာ၌ ရေဝင်ရောက်မှုကြောင့် အိမ်ခြေ(၄၇)လုံး၊ အိမ်ထောင်စု(၄၇)စုလူဦးရေ(၁၉၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၃)ရက်စာ (၁၇၅၅၀၀ိ/-) ကျပ်တို့အား (၁၃.၆.၂၀၁၈) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_jun2018
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)