လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁- ၅- ၂၀၁၈ ) ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးကျေးရွာအုပ်စု၊ ဇရပ်လှအုပ်စုကျေးရွာ (၂) ရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၇၀၀၀၀၀) ကျပ်အား ( ၁၂- ၆- ၂၀၁၈) ရက်နေ့တွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
# ha_rbe
#bgo_jun2018
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)