
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အသုံးပြုရန်အတွက် ထောက်ပံ့လှူဒါန်းထားသော ဖိုက်ဘာစက်လှေများအား (၁၃-၆-၂၀၁၈)ရက်နေ့ တွင် စက်များတပ်ဆင်၍ မိုးမိတ်မြို့၊ ငမိတ်ချောင်းအတွင်း၌ လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများ၊ ခရိုင်ပြန်/ဆက်၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#shn_jun2018
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)