===================================================
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ Family kit (၁) ထုပ်၊ ရေပုံးအဖုံးပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၈၄၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀ိ/-) တို့အား ကျိုက်ထိုမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး၌ (၁၃-၆-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများအား ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။