တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ၌ သဘာဝဘေးလျော့ပါးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၃/၂၀၁၈) ဖွင့်လှစ်မှုသတင်း

13 Pic 01

13 Pic 02

===================================================
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ၌ သဘာဝဘေးလျော့ပါးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၃/၂၀၁၈) အား (၁၃-၆-၂၀၁၈) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား၌ ကလိန်အောင်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဦးစီးမှူး (ဘစမ) မှ သင်တန်းဆိုင်ရာ ရှင်းလင်းချက်များအား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ (၃၀) ဦးတက်ရောက်လျက်ရှိပြီး (၁၃-၆-၂၀၁၈) ရက်နေ့မှ (၁၅-၆-၂၀၁၈) ရက်နေ့ထိ (၃) ရက်တာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events