Category Archives: News
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မအူကုန်းကျေးရွာအုပ်စု၊ ကျုံတာ ကျေးရွာ၌ (၂.၆.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၆)ဦးအတွက် family kits (၂၆)မျိုး (၁)ပုံး (၈၆၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ (၁၂၆၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၂၆၀၀ိ/-)ကျပ်တို့အား (၅.၆.၂၀၁၈)ရက်နေ့ (၁၁း၃၅)နာရီအချိန်တွင် လေဘေးသင့့်ပြည်သူများ၏ လက်ဝယ်သို့အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၈) ရက် နေ့တွင် (၁၄:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လဲဝန်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/ကျေးရွာသား (၁၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်း စာစောင်နှင့် ပိုစတာများဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar #npw_jun2018 Source: ပြည်ထောင်စုနယ်မြေနေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း အထက(ခွဲ) ကျောင်း ဟောပြောပွဲခန်းမ၌ ငလျင်နှင့် အခြားဘေးများအကြောင်းအား ဟောပြောဆွေးနွေးမှုသတင်း
=================================================== Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီမှ (၁၄း၃၀) နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း အထက(ခွဲ) ကျောင်း ဟောပြောပွဲခန်းမ၌ ငလျင်နှင့် အခြားဘေးများအကြောင်းအား ဟောပြောဆွေးနွေးခဲ့ရာ ပညာရေးမှူး၊ အမျိုးသမီးရေးရာ ဥက္ကဌ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ၌ … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇွန် ၅ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၁/၂၀၁၈) ညှိနှိုင်းအစည်းအဝေးကို လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မသန်စွမ်းသူများကို မသန်သော်လည်း စွမ်းဆောင်နိုင်မည့်သူများဖြစ်စေရန် ပံ့ပိုး ကူညီရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကိုလည်း အပြည့်အဝဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ စနစ်တကျ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့်ဆောင်ရွက်ရာတွင် ရှိပြီးဖြစ်သော ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ မသန်စွမ်းသူများနှင့် ပံ့ပိုးကူညီသူအားလုံးသည် … Read more
-
ငလျင်ဘေးနှင့်အခြားဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီ မှ (၁၁:၃၀) နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း (အ-ထ-က) တွင် ငလျင် ဘေးနှင့် အခြားဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ ရည်ရွယ် ချက်များ၊ လုပ်ငန်းတာဝန်များ၊ ရာသီဥတုပြောင်းလဲလာမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ငလျင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့် အနေအထားအား လက်တွေ့သရုပ်ပြခြင်း၊ ပူးပေါင်းဆောင်ရွက်စေခြင်းနှင့် လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ရာ ဆရာ ၊ … Read more
-
ငလျင်ဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၈) ရက်နေ့ တွင် ဟိုနား အ-ထ-က ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦးအား ငလျင်ဆိုင်ရာအသိ ပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်း၊ ဆောင်ရန်ရှောင်ရန်များအား ရှင်းလင်း ပြောကြားခြင်းနှင့် ငလျင်အသိပညာပေးလက်ကမ်းစာဆောင်များအား ဖြန့်ဝေပေးခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2018 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
စက်တပ်ဖိုင်ဘာလှေရေချစမ်းသပ်မောင်းနှင်ခြင်းသတင်း
မြဝတီခရိုင်အတွင်း၌ သဘာဝဘေးအန္တရာယ်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လှူဒါန်းသော ငွေကျပ်သိန်း (၅၀) နှင့် ပြည်နယ်အစိုးရမှ လှူဒါန်း သောနယ်စပ် ဖြတ်သန်းခရန်ပုံငွေ (၃၈) သိန်း၊ စုစုပေါင်း (၈၈) သိန်းဖြင့်ဝယ်ယူထားသော စက်တပ်ဖိုင်ဘာစက်လှေ ရေချစမ်းသပ်မောင်းနှင်ခြင်းကို (၄- ၆-၂၀၁၈) ရက်နေ့၌ ဆောင်ရွက်ခဲ့ရာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးတို့မှ ကြည့်ရှူစစ်ဆေးခဲ့ပြီး အဆိုပါစက်လှေအား အရန်မီးသတ်စခန်းသို့ လွှဲပြောင်းပေးပို့ထားပါကြောင်း သတင်းရရှိပါသည်။ #ha_fld … Read more
-
လေပြင်းမိ၍ ရေယာဉ်လုပ်သားသေဆုံးမှုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၁၈) ရက်နေ့၌ ဘိုကလေး မြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ ဧရာကျေးရွာနေ ဦးဇော်မင်းထွဠ်ပိုင် ငါးဖမ်းရေယာဉ်တစ်စင်းသည် ဘဝင်္လားပင်လယ်ပြင်တွင် လေပြင်းမိ၍နစ်မြုပ်သွားရာ ထိုရေယာဉ်ပေါ်ပါ ရေလုပ်သား (၁၈) ဦးအား ဆယ်ယူခဲ့ပြီးဖြစ်ရာ ယခုအခါတွင် ၄င်းရေယာဉ်ပေါ်မှ ရေလုပ်သား (၁) ဦး၏ ရုပ်အလောင်းထပ်မံတွေ့ရှိခဲ့သဖြင့် ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်အား (၅.၆.၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူးရှေ့မှောက်တွင် သက်ဆိုင်ရာဧရာကျေးရွာအုပ်ချုပ်ရေး မှူးလက် ဝယ်သို့ထပ်မံ၍ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၈) ရက်နေ့တွင် မာန်အောင်မြို့နယ်၌ မုန်တိုင်ငယ်တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၄) လုံး အတွက် (၂၄) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး ၊ လုံးဝပျက်စီးအိမ် (၂) လုံးအတွက် (၂) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး ၊ တစ်စိတ်တစ်ပိုင်းအိမ် (၂၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၄၇၅၀၀) ကျပ် ၊ လုံးဝပျက်စီးအိမ် (၂) … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၈) ရက်နေ့တွင် တောင်ကုတ်မြို့၌ မုန်တိုင်းငယ်တိုက်ခတ်မှုကြောင့် လုံးဝပျက်စီး (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၅၀၀၀၀၀) ကျပ်၊ ဘုန်းကြီးကျောင်း (၈) ကျောင်းအတွက် (၅၄၀၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၇၇) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၄၈၀၆၀၀) ကျပ်နှင့် လူဦးရေ (၃၁၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၆၅၇၀၀) ကျပ်တို့အား (၄-၆-၂၀၁၈) … Read more









