
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်နှင့် မိုးကောင်းမြို့နယ်ရှိ IDPs စခန်းများတွင်နေထိုင်သည့် အိမ်ထောင်စု(၂၀)သည် ၎င်းတို့၏ ဆန္ဒ အလျောက်မိုးကောင်းမြို့နယ်၊ လွယ်လီယန်ကျေးရွာအုပ်စု နောင်းပုံကျေးရွာတွင် အလှူရှင်များမှ ဝယ်ယူဆောက်လုပ်ပေးသည့် တန်ဖိုးနည်း အိမ်ရာများသို့ပြောင်းရွှေ့လာသောပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၂၀)၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၁၈,၄၀၀/-)ကျပ်နှင့် (၃၂)မျိုးပါ Relief kit (၂၀)တို့အား (၁၃-၆-၂၀၁၈)ရက်နေ့ နံနက် (၁၀း၃၀)အချိန်၌ထောက်ပံ့ခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ဇနီးနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူပြည်သူများအား ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အခက်အခဲများကို ဆွေးနွေးဖြေရှင်းကူညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#kcn_jun2018
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)