ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ခင်တန်းကြီးကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

14 Pic 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ခင်တန်းကြီးကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၀,၀၀၀ိ/-)ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့အလှူငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၅၀,၅၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၁၃-၆-၂၀၁၈) ရက်နေ့တွင် ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_jun2018

Sign Up

Upcoming Events