သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ မင်းတုန်းမြို့နယ်အတွင်း ပနီချောင်းရေမြင့်တက်လာသဖြင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

14 Pic 01

===================================================
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်အတွင်း (၈-၆-၂၀၁၈) ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပနီချောင်းရေမြင့်တက်လာသဖြင့် (၁၁-၆-၂၀၁၈) ရက်နေ့တွင် မင်းတုန်းမြို့နယ် တောင်ရံကျေးရွာအုပ်စု၊ တောင်ရံကျေးရွာ၌ ပြောင်းရွှေ့ခဲ့သည့်အိမ်ခြေ (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စု လူဦးရေ (၆၉) ဦးနှင့် ကူဖြူကျေးရွာအုပ်စု၊ ကူဖြူကျေးရွာ၌ ကြိုတင်ဖျက်သိမ်းခဲ့သည့်နေအိမ် (၁) လုံး စုစုပေါင်းအိမ်ခြေ (၁၆) လုံး၊ အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၇၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၅၃၃၀၀ိ/-)၊ ကြိုတင်ဖျက်သိမ်းနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၂၅၃၃၀၀ိ/-) နှင့် ကြိုတင်ဖျက်သိမ်းနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာကို (၁၃-၆-၂၀၁၈) ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events