လှေစီးဒုက္ခသည်များအား ငါးခူရပြန်လည်လက်ခံရေးစခန်းတွင် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်

14 Pic 03

၁၃-၆-၂၀၁၈၊ မောင်တော

မောင်တောမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မောင်တော မြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာငါးခူရပြန်လည် လက်ခံရေးစခန်းသို့ (၁၁:၀၀) နာရီခန့်တွင် ရောက်ရှိပြီးစခန်းတွင်ခေတ္တ ထိန်းသိမ်းစောင့်ရှောက်ထားသောလှေစီးဒုက္ခသည်များကိုတွေ့ဆုံ၍ ဥပဒေနှင့် အညီစိစစ်ဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုပြီးစခန်းရှိ ဌာနပေါင်းစုံပါဝင်သော ကြီးကြပ်ရေးအဖွဲ့များနှင့် လုပ်ငန်းများအဆင်ပြေစေရန် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ ထို့အပြင် စောင့်ရှောက်ထားသူများကို ကျွေးမွေးစားသောက်မှုအခြေအနေများကြည့်ရှု ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် (Red Cross Movement) ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့တို့ပူးပေါင်း၍ လှေစီး ဒုက္ခသည်များအား တစ်ကိုယ်ရည်သုံးပစ္စည်း (၁၁) မျိုးထောက်ပံ့ခြင်း (ဒန်အိုး၊ ဒန်ခွက်များ၊ ဖျာ၊ စောင်၊ ခြင်ထောင်၊ ကျား/မဝတ်လုံချည်နှင့် ကလေးဝတ်အင်္ကျီ စသည်များထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် စခန်းတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာများမှ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ် (၆) သိန်းအား စခန်းတာဝန်ခံထံထောက်ပံ့ပေးအပ်၍ အားပေးစကားပြောကြားခဲ့ပြီး ညနေပိုင်းတွင် မောင်တော မြို့ သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်းသတင်းရရှိပါသည်။

#hl2

#rke_jun2018

Sign Up

Upcoming Events