ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိမှုအခြေအနေ

14_Pic_01 14_Pic_03 14_Pic_04 14_Pic_05
ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်လျက်ရှိသောရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ သတင်းများရယူစုဆောင်းခြင်း၊ ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များဖြစ်စေရေး တို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ-
•    မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျေးရွာ(၈)ရွာ၌(၁၂-၆-၂၀၁၈)နေ့တွင် ရေဝင်ရောက်မှုကြောင့် နေအိမ်(၆၆)လုံး၊ အိမ်ထောင်စု (၆၆)စုမှ လူဦးရေ(၂၆၁)ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ပေးထားခြင်း၊ ပေါက်တူးတောင်ကျေးရွာနှင့် ရှားတောကျေးရွာ၌ (၁၁-၆-၂၀၁၈)နေ့တွင် ချောင်းရေတိုက်စားမှုကြောင့် နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၇)ဦးတို့ ပြောင်းရွှေ့ ပေးထားခြင်း၊ စလင်းမြို့နယ်၊ ကုန်းကြားကျေးရွာ၌ (၁၁-၆-၂၀၁၈)နေ့တွင် ဖောင်တော်ဦးချောင်း ရေကျော်ရာမှ လူ(၁)ဦး ချောင်းရေတွင်မျောပါသေဆုံးခဲ့ခြင်း၊ မကွေးမြို့နယ်၊ ကံရွာလေးကျေးရွာ၌ (၁၁-၆-၂၀၁၈)နေ့တွင် သောက်သုံးရေကန် ရေလျှံကျလာပြီး ရေတိုက်စားမှုကြောင့် နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၅)ဦးတို့ ဘေးဒုက္ခကြုံတွေ့ခဲ့ခြင်း၊ မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု (၄၀)တွင် (၁၁-၆-၂၀၁၈)နေ့မှ (၁၂-၆-၂၀၁၈)နေ့တွင် မိုးရွာသွန်းမှုကြောင်‌့ တံတား(ချဉ်းကပ်) တစ်စင်းပျက်စီး၍  နှမ်းစိုက်ဧက(၆၅၇၀)ခန့် ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။
•    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၁၀-၆-၂၀၁၈)နေ့တွင် ကျောက်တစ်လုံး IDPs စခန်းရှိ အဆောင် (၁)ဆောင် ခေါင်မိုးပျက်စီးခြင်းနှင့် လူနေဆောင်(၃)ဆောင် ရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စု(၂၄)စုမှ လူဦးရေ(၇၂)ဦးတို့အား စာသင်ဆောင်များသို့ ပြောင်းရွှေ့ပေးထားခြင်း၊ တောင်ကုတ်မြို့နယ်၊ ချိုင့်ကြီး ကျေးရွာအနီး၌ (၁၁-၆-၂၀၁၈)နေ့တွင် တောင်ကုတ်-မအီ ကားလမ်း မိုင်တိုင်အမှတ်(၂၂/၄)၊ အရှည် (၂၀)ပေ ကွန်ကရစ်တံတား လက်ယာဘက်(၆)ပေခန့်ပြိုကျခြင်း၊ (၁၂-၆-၂၀၁၈)နေ့တွင် နတ်မော်-သလိန်ပြင် လမ်းပိုင်းအကြား လမ်းအလျား (၁၂၀)ပေ ခန့် ပြိုကျပျက်စီးခြင်း၊ ပေါက်ပြင်ကျေးရွာ ရွာအဝင်လမ်း အလျား(၂၀၀)ပေခန့် ကျိုးပေါက်ခြင်း၊ လှေကားထောင်ကျေးရွာ၌ (၁၂-၆-၂၀၁၈)နေ့ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် သစ်သားတံတား ကျိုးပဲ့ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။
•    ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မကာဟဲအပိုင်း၌ (၁၂-၆-၂၀၁၈)နေ့တွင် ယွန်းစလင်းမြစ်ရေမြင့်တက်မှုကြောင့် နေအိမ်(၁၉)လုံး၊ အိမ်ထောင်စု(၁၉)စုမှလူဦးရေ(၈၃)ဦးတို့အား အ.မ.က(၂) စာသင်ကျောင်းတွင် ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရှိရပါသည်။
•    ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ကူးခူကျေးရွာနှင့် ထိုခွိဆိုကျေးရွာကြား မော်သီဒို-ဒိုးလာစော လမ်းပေါ်တွင် မြေပြိုခြင်းများဖြစ်ပေါ်မှု ကြောင့် မော်တော်ကားများ ယာယီသွားလာမှု ပြတ်တောက်ခဲ့ကြောင်း သိရှိရပါသည်။
•    ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဟဲပုကျေးရွာ၌ (၁၁-၆-၂၀၁၈)နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကိုယ်ထူကိုယ်ထ တံတား တစ်စင်းပြိုကျခဲ့ကြောင်း သိရှိရပါသည်။
•    ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကျေးရွာ(၁၄)ရွာ၌ (၁၁-၆-၂၀၁၈) ဖားတရှင်းချောင်းနှင့် ရေသာယာချောင်းရေမြင့်တက်မှု ကြောင့် နေအိမ်(၉၈)လုံး၊ အိမ်ထောင်စု(၉၈)စုမှလူဦးရေ(၃၆၂)ဦးတို့အား ဘေးလွတ်ရာနေရာနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်များသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရှိရပါသည်။
•    အဆိုပါ ဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သောက်ရေသန့်ဘူးများနှင့် သေဆုံးသူများအတွက် ထောက်ပံ့ခြင်းများဆောင်ရွက်လျက်ရှိရာ (၁၁-၆-၂၀၁၈)နေ့တွင် ဖြစ်ပွားခဲ့သည့် ကံမမြို့နယ်၊ ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု(၆၈၁)စုမှ လူဦးရေ(၂၇၆၃)ဦး တို့အတွက် (၆,၉၄၂,၃၀၀ိ/-)တန်ဖိုးရှိ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သောက်ရေသန့်ဘူးများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေနှင့် အဖွဲ့ဝင်တို့သည် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် (၁၃-၆-၂၀၁၈)နေ့တွင်လည်းကောင်း၊ ကျန်သည့် ရေဘေးသင့်ဒေသများသို့ (၃,၄၆၆,၅၄၁ိ/-)တန်ဖိုးရှိ ပစ္စည်းနှင့်ငွေများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှလည်းကောင်း ထောက်ပံ့ပေးခဲ့ရာ စုစုပေါင်း (၁၀,၄၀၈,၈၄၁ိ/-) (ကျပ်တစ်ရာ့လေးသိန်းရှစ်ထောင်ရှစ်ရာလေးဆယ် တစ်တိတိ)တန်ဖိုးရှိ ပစ္စည်းနှင့်ငွေများကို (၁၃-၆-၂၀၁၈)နေ့တွင် ထောက်ပံ့ခဲ့ပြီး ကျန်ရှိနေရာများအား ထောက်ပံ့မှုများဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_jun2018
#ayy_jun2018
#krn_jun2018
#kyh_jun2018
#rke_jun2018
#shn_jun2018

Source:  DDM

Sign Up

Upcoming Events