
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးချောင်းဖျားကျေးရွာအုပ်စု အုန်းတပင်ကျေးရွာ၌ (၁၀.၆.၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစိတ်တပိုင်းပျက်စီး အိမ်ခြေ(၁)လုံးနှင့် အိမ်ထောင်စု(၁)စုမှ လူဦးရေ(၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)ကျပ်နှင့် အိမ်ထောင်စု(၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးအား (၁၃.၆.၂၀၁၈)ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#krn_jun2018
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)