လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခြင်း

14 Pic 01

14 Pic 02

14 Pic 03

14 Pic 04

 

 

 

14 Pic 05===============================================

မကွေးတိုင်းဒေသကြီးအတွင်း ဇွန်လ (၁၁) ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ မင်းတုန်းချောင်းရေပြည့်လျှံကာ ကျေးရွာအုပ်စု (၁၉) စု၊ ကျေးရွာ (၃၃) ရွာ၊ အိမ်ခြေ (၁၈၆၆)၊ အိမ်ထောင်စု (၁၉၆၅)မှ လူဦးရေ (၇၁၃၂) ဦးရေဘေးသင့်ခဲ့ရပြီး လူနေအိမ် (၁၀) လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည်။

ရေတိုက်စားမှုကြောင့် ရွှေချောင်းမီးရထားကူးတံတား ပေ ၄၀ ခန့်ကျိုးပေါက်ခြင်းနှင့် ရေနံ့သာဘေလီသံဘောင်တံတား ရေနောက်မျောပါခြင်းတို့ဖြစ်ပွားခဲ့သည်။

သို့ပါသောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)၊ ဦးသန်းထွဋ်ဆွေသည် ကံမမြို့သို့ (၁၃-၆-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းက ရောက်ရှိပြီး မြို့နယ်သံဃနာယကဥက္ကဌ ယွန်းကျောင်းဆရာတော် ဘဒ္ဒန္တ ကောဝိဒအား အမှူးထား၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီစောင့်ရှောက်ရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံကာ
တုံ့ပြန်ဆောင်ရွက်နေမှုအခြေအနေများနှင့် ထောက်ပံ့နိုင်ရေးဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ရေဝင်ပြောင်းရွှေ့ပြည်သူ (၂၃၅၃) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၄၉၄၁၃၀၀ိ/-)၊ ရွှေတောကျေးရွာမှ ရေဘေးသင့်ပြည်သူ (၄၁၀) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၈၆၁၀၀၀ိ/-)နှင့် ရေသန့်များဖြန့်ဝေနိုင်ရေးအတွက် ထောက်ပံ့ငွေ(၁၁၀၀၀၀ိ/-) တို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးကာ ကြိုတင်ဖျက်သိမ်းနေအိမ် (၁၀) လုံးအနက် သွားလာ၍ရသောနေရာရှိ နေအိမ် (၄) လုံးမှ ပြည်သူများထံသို့ (၁) အိမ်လျှင် (၁) သိန်းနှုန်းဖြင့် လက်ရောက်သွားရောက်ထောက်ပံ့၍ သွားလာရန်ခက်ခဲသော ကျန်နေအိမ် (၆) လုံးစာအတွက် (၆၀၀၀၀၀ိ/-) အား လွှဲပြောင်းပေးအပ်ခဲ့ရာ ထောက်ပံ့ပေးခဲ့မှုစုစုပေါင်းမှာ (၆၉၁၂၃၀၀ိ/-) ဖြစ်ပါသည်။

ထို့နောက် ဆရာတော်ထံ ဝတ္တုငွေကပ်လှူ၍ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events